Sunday, January 20, 2008

အပတ်စဉ် ဟောပြောပွဲများ ကျင်းပ


မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်)မှ အပတ်စဉ် ကွန်ပျူတာ နည်းပညာဆိုင်ရာ ဟောပြောပွဲများ ကျင်းပလျက်ရှိရာ၊ ယခုအပတ် (၁၉)ရက်နေ့တွင် အတွင်းရေးမှူး ဦးအောင်ဇေယျာလွင်မှ "Taking Opportunities from Special Interest Group" ခေါင်းစဉ် ဖြင့်လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး ဦးရဲမြန်မာအောင်မှ "How to Build Learning Society by using The Internet?" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အသီးသီး ဟောပြောခဲ့ကြပါသည်။ အဆိုပါ ဟောပြောပွဲသို့ တောင်ကြီးမြို့မှ စိတ်ပါဝင်စားသူ လူငယ်များ တက်ရောက် ဆွေးနွေးမေးမြန်းခဲ့ကြ ပါသည်။
အဆိုပါ ဟောပြောပွဲတွင် MCPA (Shan State) မှ ဖွဲ့စည်းထူထောင်ပေးမည့် SIG အဖွဲ့များ အကြောင်းကို အဓိကထား ဆွေးနွေးခဲ့ပြီး၊ ဟောပြောပွဲတက်ရောက်သူ လူငယ်များမှလဲ မိမိတို့ စိတ်ပါဝင်စားရာ နယ်ပယ်အလိုက် SIG အဖွဲ့များတွင် ပါဝင်နိုင်ရန် ၀င်ရောက်စာရင်းပေးခဲ့ကြပါသည်။
ရှေ့လာမည့် အပတ်များတွင် သက်ဆိုင်ရာ SIG အဖွဲ့များအလိုက် Workshop ပုံစံဖြင့် ဆွေးနွေးပွဲများ လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ သက်ဆိုင်ရာ SIG အလိုက် ကျင်းပမည့် ဆွေးနွေးပွဲ အချိန်ဇယားများကိုလဲ မကြာမီ ထုတ်ပြန်ပေးသွားပါမည်။
သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ

No comments: