Showing posts with label Activities. Show all posts
Showing posts with label Activities. Show all posts

Wednesday, January 9, 2008

6th ICT Exhibition ရတနာပုံ အမှတ်တရ


ရတနာပုံ ဆိုက်ဘာစီတီးတွင် သွားရောက်ပြသ လေ့လာခဲ့ကြသော MCPA - Shan State နှင့် MCIA - Shan State မှ အမှုဆောင်များ

အဆိုပါ ပွဲသို့ MCPA - Shan State မှ
ဦးစိုင်းလုံကျော်
ဦးအောင်ဇေယျာလွင်
ဦးရဲမြန်မာအောင်နှင့်
ဦးအောင်နိုင်ထွန်း

MCIA Shan State မှ
ဒေါ်ဝေေ၀ခင်
ဦးစိုင်းခမ်းနွတ်နှင့်
ဦးကျော်ကျော် တို့ သွားရောက်ခဲ့ကြ ပါသည်။

IT Caravan 2007


IT Caravan 2007 ကို နိုဝင်ဘာလ ၁၆ရက်နေ့မှ စတင်ပြီး တောင်ကြီးမြို့နှင့် အနီးအနား ပတ်ဝန်းကျင်ရှိ မြို့များသို့ သွားရောက်ပြီး ကွန်ပျူတာ ပညာရှင်များမှ ဟောပြောပွဲများ ပြုလုပ်ပေးခဲ့ကြပါသည်။ အဆိုပါပွဲကို ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန တို့က ဦးဆောင်ကာ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နှင့် ကွန်ပျူတာ ပညာရှင်အသင်း၊ ကွန်ပျူတာ လုပ်ငန်းရှင် အသင်းတို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါသည်။ Queen Ster, Soft Guide, MIT, GlobalNet, Technoland, KMD နှင့် PC World တို့မှ ကူညီပံ့ပိုးပေးခဲ့ကြပါသည်။

Caravan ခရီးစဉ်များအဖြစ် တောင်ကြီး အထက (၄)၊ Educational Collegeနှင့် ညောင်ရွှေ၊ အောင်ပန်း၊ ဟဲရွာယာမ၊ ကလော မြို့များရှိ အထက ကျောင်းများတွင် ဟောပြောပွဲများ ကျင်းပခဲ့ကြပါသည်။ အဆိုပါ ကျောင်းများတွင် MCF မှ ဦးသိန်းဦး၊ MCPA မှ ဦးငြိမ်းဦး၊ ဦးဇော်လင်း၊ MCEA မှ ဦးမောင်မောင်သာတို့မှ ကွန်ပျူတာဆိုင်ရာ ခေါင်းစဉ်များကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။

2nd ICT Exhibition 2007


2nd ICT Exhibition 2007 ကို နိုဝင်ဘာလ၊ ၁၆ရက် မှ ၁၇ရက်နေ့အထိ ၃ရက် တောင်ကြီးမြို့ မြို့တော်ခမ်းမှတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ပြပွဲတွင် MSI, Cannon, D-Corner, View Sonic, Concordia, eTrade, Student Choice, MCC, Zin 9, BluRay, KM Computer, Winter Root, Sony နှင့် VCT Group တို့မှ ပါဝင်ပြသခဲ့ကြပါသည်။

MCPA, MCIA Shan State တို့မှ ကမကထလုပ်ပြီး Blo Blo Game ကဦးစီးကျင်းပတဲ့ Dota ပြိုင်ပွဲနှင့် Counter ပြိုင်ပွဲများလဲ ကျင်းပခဲ့ပါသည်။ အသင်းပေါင်း ၂၀ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲ ၂ခုအတွက် Champion တစ်သင်းလျှင် ဆုငွေ တစ်သိန်းနှင့် ဆုဖလား တစ်ခုစီ ပေးအပ်ခဲ့ပါသည်။

ပွဲအထိမ်းအမှတ် အဖြစ် ကွန်ပျူတာ ပန်းချီပြိုင်ပွဲ၊ Quiz ပြိုင်ပွဲများလဲ ကျင်းပပေးနိုင်ခဲ့ပါသည်။ ပန်းချီပြိုင်ပွဲကို Voting စနစ်ဖြင့် ဆုရွေးချယ်ပေးခဲ့ပါသည်။

ရတာနာပုံ ဆိုက်ဘာစီးတီး



မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း ရှမ်းပြည်နယ်တို့ရဲ့ Activities တစ်ခုအနေနဲ့ ရတနာပုံ Cybercity စတင်ဖွင့်လှစ်တဲ့ ပွဲမှာ သွားရောက် လေ့လာ ခဲ့ကြပါတယ်။ ထို့အပြင် 6th ICT Week မှာလဲ Booth တစ်ခုယူကာ အသင်းရဲ့ လှုပ်ရှားဆောင်ရွက်မှုများကို သွားရောက် ပြသခဲ့ကြပါတယ်။ အမှုဆောင် (၇)ယောက် အထိ သွားရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ ICT လှုပ်ရှားမှုများကို မျက်ခြေမပျက်အောင်၊ မိမိတို့ရဲ့ ပြည်နယ်မှာလဲ နည်းပညာတွေ ပြန့်ပွားတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် လေ့လာဆွေးနွေး နိုင်ခဲ့ကြပါတယ်။

Thursday, January 3, 2008

လွတ်လပ်ရေးနေ့ ကွန်ပျူတာ စွမ်းရည်ပြိုင်ပွဲ ကျင်းပ



နှစ် (၆၀) ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း (ရှမ်းပြည်နယ်) နှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်း(ရှမ်းပြည်နယ်)တို့ ပူးပေါင်းကျင်းပသော ကွန်ပျူတာ စွမ်းရည်ပြိုင်ပွဲများ ကို လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရာ တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံ ကွင်းသစ်ကြီးတွင် ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ (၃) ရက်နေ့နှင့် (၄) ရက်နေ့များတွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ ပါသည်။

ပြိုင်ပွဲသို့ တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များမှ ကျောင်းသူ/ကျောင်းသားများနှင့် ပြင်ပမှ စိတ်ပါဝင်စားသူများ လာရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။

Tuesday, January 1, 2008

လှုပ်ရှားမှုများ

လစဉ်အမှုဆောင်အစည်းအဝေး
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း(ရှမ်းပြည်နယ်)မှ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးများကို လစဉ် ဒုတိယပတ်၏ စနေနေ့တွင် ကျင်းပ၍ ရန်ကုန် ကွန်ပျူတာပညာရှင်အသင်းမှ ပေးပို့သော အချက်အလက် များနှင့် မိမိတို့၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်ကြပါသည်။

ICT Exhibition
မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း (ရှမ်းပြည်နယ်)တို့ ပူးပေါင်း၍ ရှမ်းပြည်နယ်အတွင်း ပထမဆုံးအကြိမ် ICT Exhibition ကို (၃၀-၃-၂၀၀၇)၊ (၃၁-၃-၂၀၀၇) နှင့် (၁-၄-၂၀၀၇) ရက်နေ့များတွင် တောင်ကြီးမြို့တော်ခန်းမ၌ ကျင်းပခဲ့ပါသည်။ ယင်းပြပွဲသို့ ရန်ကုန်နှင့် မန္တလေးမှ ကုမ္ပဏီ အရောင်းပြခန်းများ လာရောက်ပြသကြ၍ တောင်ကြီးမြို့မှ Computer ဆိုင်များမှလည်း ၀င်ရောက် ပြသကြပါသည်။ ပြပွဲအတွင်း ဥာဏ်စမ်းပဟေဠိပြိုင်ပွဲများနှင့် ဟောပြောပွဲများ ကိုလည်း ကျင်းပခဲ့ပါသည်။ Seminar များကိုလည်း ရှမ်းပြည်နယ် USDA အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ဦးသိန်းဦး၊ ဦးသောင်းတင်၊ ဒေါ်ဝါ၀ါထွန်း၊ ဒေါ်နွဲ့နွဲ့ဝင်း၊ ဦးသောင်းစုငြိမ်းတို့မှ အသီးသီး ဟောပြောခဲ့ကြပါသည်။

Competition များ
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း(ရှမ်းပြည်နယ်)မှ ကြီးမှူး၍ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်း (ရှမ်းပြည်နယ်)မှ ပါဝင်ပံ့ပိုးသော ပထမအကြိမ်တက္ကသိုလ်အဆင့် Programming ပြိုင်ပွဲကို (၂၄-၅-၂၀၀၇) ရက်နေ့တွင် တောင်ကြီးကွန်ပျူတာတက္ကသိုလ်နှင့် (၂၅-၅-၂၀၀၇) ရက်နေ့တွင် တောင်ကြီး နည်းပညာ တက္ကသိုလ်တို့၌ အသီးသီး ကျင်းပခဲ့ပါသည်။ တောင်ကြီးကွန်ပျူတာတက္ကသိုလ်မှ (၄၈)ဦး နှင့် တောင်ကြီး နည်းပညာ တက္ကသိုလ်မှ (၁၃)ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။

တောင်ကြီးကွန်ပျူတာတက္ကသိုလ်တွင်ကျင်းပသော Programming ပြိုင်ပွဲအတွက်ဆုပေးပွဲကို (၂၈-၅-၂၀၀၇) ရက်နေ့ နံနက်(၉း၀၀)နာရီတွင် တောင်ကြီးကွန်ပျူတာတက္ကသိုလ်၌ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားတွင် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) ဒုဥက္ကဌဦးစိုင်းလုံကျော်မှ နှုတ်ခွန်းဆက်စကား ပြောကြားပြီး အတွင်းရေးမှူး ဦးအောင်ဇေယျာလွင်က မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့်ပတ်သက်၍ သိကောင်းစရာများကို ဟောပြောပါသည်။ ထို့နောက် အလုပ်အမှုဆောင် ဦးစိုင်းအောင်မိန်းမှ Programming ပြိုင်ပွဲအကြောင်းနှင့် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း၏ Exam များအကြောင်း ရှင်းလင်းဟောပြော ပါသည်။ ထို့နောက် ဦးစိုင်းလုံကျော်မှ Best Programmer ဆုရရှိသော မမြတ်စုမွန်အား ဆုချီးမြှင့်ပါသည်။ ဆက်လက်၍ ပြိုင်ပွဲဝင်ကြသော ကျောင်းသူ/သားများအတွက် Member Form များအခမဲ့ပေးအပ်ပြီး ကျောင်းသားတစ်ဦးမှကျေးဇူးတင် စကား ပြောကြား၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ပါသည်။

တောင်ကြီးနည်းပညာတက္ကသိုလ်တွင်ကျင်းပသော Programming ပြိုင်ပွဲအတွက်ဆုပေးပွဲကို (၂၈-၅-၂၀၀၇) ရက်နေ့ နေ့လည်(၁း၃၀)နာရီတွင် တောင်ကြီးနည်းပညာတက္ကသိုလ်၌ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားတွင် မြန်မာ နိုင်ငံကွန်ပျူတာလုပ်ငန်းရှင် အသင်း(ရှမ်းပြည်နယ်) ဒုဥက္ကဌဒေါ်ဝေေ၀ခင်မှ မိတ်ဆက် အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(ရှမ်းပြည်နယ်) အတွင်းရေးမှူး ဦးအောင်ဇေယျာလွင်က အသင်းနှင့် ပတ်သက်၍ သိကောင်းစရာများကိုဟောပြောပြီး အလုပ်အမှုဆောင် ဦးစိုင်းအောင်မိန်းမှ ယခုကျင်းပသော Programming ပြိုင်ပွဲအကြောင်းနှင့် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း၏ Exam များအကြောင်း ရှင်းလင်း ဟောပြောပါသည်။ ထို့နောက် The Best Programmer ဆုရရှိသော BE IT မှ စိုင်းသီဝမ်းအား ဒေါ်ဝေေ၀ခင်မှ ဆုချီးမြှင့်ပါသည်။ ဆက်လက်၍ ပြိုင်ပွဲဝင်ကြသော ကျောင်းသူ/သား (၁၃)ဦးအား Member Form များအခမဲ့ပေးအပ်ပြီး ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။