Sunday, February 3, 2008
Monday, January 28, 2008
Web Development SIG ကျင်းပ
Saturday, January 26, 2008
Special Interest Group ဆွေးနွေးပွဲများ စတင်ကျင်းပ
Tuesday, January 22, 2008
IT Caravan 2008 Shan State
မနက် ၁၀နာရီ ၂၀မိနစ်တွင် အခမ်းအနား စတင်ခဲ့ပြီး၊ လွိုင်လင်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်)မှ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းလုံကျော်မှ မိတ်ဆက် အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပညာရှင်အသင်း အမှုဆောင် တစ်ဦးဖြစ်သူ ဦးအောင်နိုင်ထွန်းမှ "အသင်းလှုပ်ရှားမှုများ" အကြောင်းကို လည်းကောင်း၊ လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးစိုင်းခမ်းနွတ်မှ "Computer for All" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လုပ်ငန်းရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ဝေေ၀ခင်မှ "Computer for Education" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပညာရှင်အသင်း အမှုဆောင် ဦးစိုင်းမျိုးဝင်းထက်မှ "How Computer Work?" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လုပ်ငန်းရှင်အသင်း အမှုဆောင် ဦးကျော်ကျော်မှ "Current Usage of Internet and Email" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ရှင်းလင်း ဟောပြောခဲ့ကြပါသည်။
၎င်းနောက် လွိုင်လင်မြို့နယ် ပညာရေးမှူးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ဟောပြောပွဲများ အပြီးတွင် IT Caravan 2008 Shan State အဖွဲ့မှ လွိုင်လင်မြို့ရှိ ကျောင်းများသို့ ကွန်ပျူတာဆိုင်ရာ စာအုပ်၊ စာတမ်းများ၊ ဂျာနယ်များနှင့် CD များကို သက်ဆိုင်ရာ ကျောင်းကိုယ်စားလှယ်များသို့ ပေးအပ်ခဲ့ပြီး၊ အခမ်းအနားသည် နေ့လည် ၁၂နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။
ဤသို့ဖြင့် ညနေ ၅နာရီ ၁၀မိနစ်တွင် IT Caravan 2008 Shan State ၏ ဟိုပုံးမြို့ ဟောပြောပွဲ ပြီးဆုံးခဲ့ပြီး၊ ပြန်လည် ထွက်ခွာလာခဲ့ကြရာ ညနေ ၆နာရီ ၁၀မိနစ်တွင် တောင်ကြီးမြို့သို့ ရောက်ရှိခဲ့ကြပါသည်။
Sunday, January 20, 2008
အပတ်စဉ် ဟောပြောပွဲများ ကျင်းပ
Saturday, January 12, 2008
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(ရှမ်းပြည်နယ်) မှ အပတ်စဉ် Seminar ကျင်းပ
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(ရှမ်းပြည်နယ်) မှ အပတ်စဉ် Seminar များကို ပြန်လည် ကျင်းပလျက်ရှိရာ ယခုအပတ် စနေနေ့ (၁၂-၁-၂၀၀၈) တွင် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း(ရှမ်းပြည်နယ်) တွဲဖက်အတွင်းရေးမှူး(၁) ဦးရဲမြန်မာအောင် မှ
"What we should know about the Web Development"
ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။Monday, January 7, 2008
Advanced Training Batch (1) သင်တန်း ပြီးဆုံး
သင်တန်းကာလကတော့ စုစုပေါင်း (၃၀)ရက် ကြာမြင့်ခဲ့ပြီး သင်တန်းချိန် (၆၀)နာရီရှိခဲ့ပါတယ်။ သင်တန်းမှာ အသုံးပြုခဲ့တဲ့ Reference Books တွေကတော့ Network + Exam အတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ "Network + 2005 Indepth" စာအုပ်နဲ့ Microsoft Certificate အတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ "MCSAMCSE Self-Paced Training Kit (Exam 70-270) v2" စာအုပ်တွေ ဖြစ်ပါတယ်။
သင်တန်းသားများကို သင်တန်းပြီးဆုံးခြင်း Certificate များ ပေးအပ်ခဲ့ပါတယ်။
နောက်ထပ် Advanced Training များကိုလဲ ဆက်လက်ပြီးတော့ ဖွင့်လှစ်သွားဖို့ အစီအစဉ်တွေလဲ ရှိပါတယ်။Tuesday, January 1, 2008
Seminar List
June
09-06-2007 Current Usage of Internet & E-mail
16-06-2007 How to Create a Web Blog
23-06-2007 Approaching Internet from Media Interface
30-06-2007 Fundamentals of Structured Programming Techniques
July
07-07-2007 Planning & Designing a Website
14-07-2007 ICT Knowledge Development & Guidance
14-07-2007 Effective Usage of Web Based Mail
22-07-2007 World of Networking
August
04-08-2007 Fundamental Network
11-08-2007 Experience in APEC Women's e-Biz Training 2007 Seoul, Korea
18-08-2007 Computer Cracking Techniques
November
December
Windows XP Special Features
ကွန်ပျူတာ စွမ်းရည်ပြိုင်ပွဲများ
1. ကွန်ပျူတာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ
အဆင့်မြင့်ပညာအဆင့်/အခြေခံပညာအဆင့်
2. ကွန်ပျူတာ Typing ပြိုင်ပွဲများ
အဆင့်မြင့်ပညာအဆင့်/အခြေခံပညာအဆင့်
3. အခြေခံပညာအဆင့် ကွန်ပျူတာ ကျွမ်းကျင်မှု ပြိုင်ပွဲများ
1. Presentation (Microsoft Power Point 2003)
2. Desktop Publishing - DTP (Microsoft Word 2003)