Monday, January 7, 2008

Advanced Training Batch (1) သင်တန်း ပြီးဆုံး

MCPA (Shan State) ရဲ့ ပထမဆုံး Advanced Training သင်တန်းဖြစ်သည့် "Network Plus Indepth & Administering Windows XP Professional" သင်တန်း ၆ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၃ရက်နေ့ကနေပြီး နေ့စဉ် ညနေ ၁နာရီမှ၊ ၃နာရီအထိ ဖွင့်လှစ်ခဲ့တဲ့ အဆိုပါသင်တန်းကို သင်တန်းသား စုစုပေါင်း (၁၁)ရက် တက်ရောက်ခဲ့ကြ ပါတယ်။

သင်တန်းကာလကတော့ စုစုပေါင်း (၃၀)ရက် ကြာမြင့်ခဲ့ပြီး သင်တန်းချိန် (၆၀)နာရီရှိခဲ့ပါတယ်။ သင်တန်းမှာ အသုံးပြုခဲ့တဲ့ Reference Books တွေကတော့ Network + Exam အတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ "Network + 2005 Indepth" စာအုပ်နဲ့ Microsoft Certificate အတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ "MCSAMCSE Self-Paced Training Kit (Exam 70-270) v2" စာအုပ်တွေ ဖြစ်ပါတယ်။

သင်တန်းသားများကို သင်တန်းပြီးဆုံးခြင်း Certificate များ ပေးအပ်ခဲ့ပါတယ်။

နောက်ထပ် Advanced Training များကိုလဲ ဆက်လက်ပြီးတော့ ဖွင့်လှစ်သွားဖို့ အစီအစဉ်တွေလဲ ရှိပါတယ်။

No comments: