Sunday, January 13, 2008

Advanced Training on .Net Foundation

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) မှ တောင်ကြီးမြို့ရှိ ကွန်ပျူတာ ပညာရပ်ကို လေ့လာ နေသူတိုင်းအတွက် အဆင့်မြင့်နည်းပညာရပ် ပျံ့ပွားစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ပေးလျက်ရှိသော Advanced Training သင်တန်းများမှ Microsoft .NET Framework 2.0—Application Development Foundation သင်တန်းအား ယခုလအတွင်း ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။




Microsoft MCTS (Microsoft Certified Technology Specialist) Exam 70-536 အတွက် ရည်ရွယ်ပြီး ဖွင့်လှစ် သင်ကြားပေးမည့် သင်တန်း ဖြစ်ပြီး၊ Microsoft မှ ထုတ်သည့် Training Book ကို Reference လုပ်ကာ သင်ကြားသွားမည် ဖြစ်ပါသည်။ Microsoft .Net ကို စိတ်ပါဝင်စားသူများ အတွက် အခြေခံအဖြစ် လေ့လာသင်ယူရမည့် သင်တန်း ဖြစ်ပါသည်။

သင်တန်းချိန်
တနင်္လာနေ့မှ သောကြာနေ့
ညနေ ၄နာရီခွဲမှ ၆နာရီအထိ

သင်တန်းကာလ
တစ်လခွဲ

သင်တန်းကြေး
၃၅၀၀၀ကျပ်
၃၀၀၀၀ကျပ် (MCPA Member)

သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် စိတ်ပါဝင်စား သူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါသည်။

Phone: 081-25329
Mail: mcpa.shan@gmail.com
Exam, Competition နှင့် Training ဆပ်ကော်မတီ

No comments: