
ITPEC Exam Result ထွက်လာတဲ့ အချိန်မှာတော့ ပထမဆုံးအကြိမ် ၀င်ရောက်ဖြေဆိုကြတဲ့ တောင်ကြီးမြို့က ကွန်ပျူတာ ကျောင်းသားတစ်ယောက် ညနေဘက်အပိုင်းကို အောင်မြင်ခဲ့ပါတယ်။ ITPEC ဆိုတာကို တစ်လသာသာလောက်ကမှ သိရှိခဲ့ကြပြီး၊ ပြင်ဆင်ချိန်လဲ သိပ်မရှိခဲ့၊ အောင်ဖို့ ခက်တယ်ဆိုတာလဲ သိကြပေမဲ့လဲ စိတ်ဝင်တစား ကြိုးစားပန်းစား ဖြေဆိုခဲ့ကြတဲ့ တောင်ကြီးမြို့က ကွန်ပျူတာ လူငယ် ၂၇ယောက်မှာ အောင်တဲ့သူ တစ်ယောက် ရှိခဲ့ပါတယ်။ ရန်ကုန်နဲ့ တောင်ကြီးမှာသာ ကျင်းပခဲ့တဲ့ အယောက် ၂၂၀ ကျော်ပါဝင်ဖြေဆိုခဲ့တဲ့ ITPEC Exam မှာ ၁၀ယောက်သာ အပြည့်အောင်ခဲ့ပြီး ၈ယောက် တစ်ဝက်အောင်ခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီ အောင်မြင်တဲ့ ၁၈မှာ တောင်ကြီးမြို့က တစ်ယောက် ပါဝင်နိုင်ခဲ့တာလဲ တောင်ကြီးမြို့အတွက် ဂုဏ်ယူစရာ တစ်ခုပဲဖြစ်ပါတယ်။
No comments:
Post a Comment