Tuesday, January 1, 2008

စတင်ဖွဲ့စည်းခြင်း

ရှမ်းပြည်နယ်အတွင်း ကွန်ပျူတာပညာရှင်အသင်းနှင့် လုပ်ငန်းရှင်အသင်းများ ဖွဲ့စည်းရေးအတွက် တောင်ကြီးမြို့ရှိ Computer Center များမှ လုပ်ငန်းရှင်နှင့် ပညာရှင်များ၊ တောင်ကြီးကွန်ပျူတာတက္ကသိုလ်နှင့် တောင်ကြီး နည်းပညာတက္ကသိုလ်တို့မှ ပညာရှင်များ ပူးပေါင်းပါဝင်၍ ၂၀၀၇ခုနှစ်၊ မတ်လအတွင်း စတင် ဆွေးနွေးခဲ့ ပါသည်။

ထို့နောက် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်)နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင် အသင်း (ရှမ်းပြည်နယ်) တို့ကို အလုပ်အမှုဆောင်(၂၄)ဦးစီဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး (၃၀-၃-၂၀၀၇) ရက်နေ့တွင် ရှမ်းပြည်နယ် အစည်းအဝေးခန်းမ (ကျားခေါင်းခန်းမ)တွင်ကျင်းပသော အသင်းဖွဲ့စည်းခြင်း အခမ်းအနားတွင် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ အတည်ပြုပေးခဲ့ပါသည်။

ကွန်ပျူတာအသင်းများဖွဲ့စည်း၍ လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းအေးမှ အသင်းတစ်သင်းလျှင် ငွေကျပ်(၂၅)သိန်းစီဖြင့် နှစ်သင်းအတွက် ကျပ်သိန်း(၅၀)၊ ရှမ်းပြည်နယ် USDA မှ တစ်သင်းလျှင် ငွေကျပ်(၅)သိန်းစီဖြင့် ကျပ်(၁၀)သိန်း၊ ရှမ်းပြည်နယ် USDA အတွင်းရေးမှူး ဦးဥာဏ်လင်းမှ တစ်သင်းလျှင် ကျပ်(၁)သိန်းစီဖြင့် ကျပ်(၂)သိန်းတို့ကို အရင်းမပျောက် မတည်ငွေ အဖြစ် ကူညီပံ့ပိုးပေးခဲ့ကြပါသည်။ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်းနှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင် အသင်းတို့မှ တစ်သင်းလျှင် ငွေကျပ်(၃)သိန်းစီဖြင့် ကျပ်(၆)သိန်း၊ KMD မှ တစ်သင်းလျှင် ကျပ်(၁)သိန်းစီ ဖြင့်ကျပ်(၂)သိန်း၊ GlobalNet, Winner Computer Group, World Peace, Inforithm Maze, Alpha, Setra ကုမ္ပဏီများမှလည်း တစ်သင်းလျှင် ကျပ်(၅)သောင်းဖြင့် ကျပ်(၁)သိန်းစီ အလှူငွေများအသီးသီး လှူဒါန်းမတည်ပေးခဲ့ကြပါသည်။

မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း(ရှမ်းပြည်နယ်) နှင့် မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်အသင်း (ရှမ်းပြည်နယ်) စတင်ဖွဲ့စည်းခြင်း နှင့်အတူ ရှမ်းပြည်နယ်၏ ပထမအကြိမ် သတင်းအချက်အလက်နှင့် နည်းပညာပြပွဲ 1st ICT Exhibition Shan State ကိုလည်းကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(ရှမ်းပြည်နယ်)ကို စတင်ဖွဲ့စည်းစဉ်က ဥက္ကဌအနေဖြင့် တောင်ကြီး ကွန်ပျူတာ တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ဒုတိယဥက္ကဌများအဖြစ် တောင်ကြီးနည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ အတွင်းရေးမှူးအဖြစ် USDS IT နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာနမှူး ဦးစိုင်းလုံကျော်တို့ဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ နောက်ပိုင်းတွင် အသင်း၏ လုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် (၂၇-၅-၂၀၀၇) ရက်နေ့တွင်ကျင်းပသော အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဥက္ကဌအဖြစ် တောင်ကြီး ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ဒုတိယဥက္ကဌများအဖြစ် တောင်ကြီးနည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ရှမ်းပြည်နယ် USDA IT နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာနမှူး ဦးစိုင်းလုံကျော်၊ အတွင်းရေးမှူးအဖြစ် ဦးအောင်ဇေယျာလွင် တို့ကို ရွေးချယ်တာဝန်ပေးအပ်ပါသည်။ ဆပ်ကော်မတီများကိုလည်းဖွဲ့စည်း၍ အမှုဆောင်များအား တာဝန်ခွဲဝေ ဆောင်ရွက်စေခဲ့ပါသည်။

အသင်းဝင်အင်အား
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်)တွင် လက်ရှိအားဖြင့် OM(၂၆)ဦး၊ AM(၃)ဦး၊ SM (၂၀၀)ဦးခန့် ရှိပြီ ဖြစ်ပါသည်။ SM များမှာ တောင်ကြီးကွန်ပျူတာတက္ကသိုလ်နှင့် တောင်ကြီးနည်းပညာ တက္ကသိုလ်တို့မှ အများဆုံးဖြစ်ပါသည်။ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များအပြင် ပြင်ပမှအသင်းဝင်ရန်လျှောက် ထားသူများကိုလည်း အရည်အချင်းပြည့်မီလျှင် စိစစ်လက်ခံပေးသွားမည် ဖြစ်ပါသည်။ ဆက်လက်၍လည်း ရှမ်းပြည်နယ် မြောက်ပိုင်းနှင့်အရှေ့ပိုင်းသို့ စည်းရုံး၍အသင်းဝင်များ လက်ခံပေးသွားရန် အစီအစဉ်ရှိပါသည်။

No comments: