Saturday, January 12, 2008

Special Interest Group များဖွဲ့၍ ဆွေးနွေးပွဲများ ပြုလုပ်မည်

ကွန်ပျူတာ ပညာရှင်အသင်း ရှမ်းပြည်နယ်၏ ယနေ့ကျင်းပသော ၁/၂၀၀၈ လပတ်အစည်းအဝေး ဆုံးဖြတ်ချက် အရ အပတ်စဉ် ကျင်းပရန် ရည်ရွယ်ထားသည့် Seminar များနေရာတွင် ပိုမို Specific ဖြစ်သော Special Interest Groups (SIGs) များ ဖွဲ့စည်းကာ ၀ိုင်းဝန်းဆွေးနွေးပြီး ပညာဖလယ် သွားကြရန် အစီအစဉ် ရှိပါသည်။
ယခုလာမည့် အပတ်စနေနေ့တွင် Seminar လုပ်၍ အသင်းဝင်များကို မိမိစိတ်ဝင်စားရာ နယ်ပယ်အလိုက် SIG များတွင် ပါဝင်နိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ SIG များကို ယခင်နှစ် Seminar လာရောက် နားထောင်သူများ၏ သဘောထားကို ကောက်ယူထားသော စာရင်း (Survey Result) အပေါ်တွင် အခြေခံပြီး ဖွဲ့စည်းပေးသွားမည် ဖြစ်ပါသည်။
အဆိုပါ SIG အဖွဲ့များကို MCPA (Shan State) ၏ အမှုဆောင်တစ်ဦးစီမှ တာဝန်ယူ၍ Moderator အဖြစ် ဆောင်ရွက်ကာ ဦးဆောင် ဆွေးနွေးသွားမည်ဖြစ်ပါသည်။ SIG အဖွဲ့ဝင်များအနေဖြင့် အဖွဲ့ဦးဆောင်သူနှင့် ပူပေါင်းပါဝင်ကာ သက်ဆိုင်ရာ နည်းပညာများကို ဆည်းပူးလေ့လာ သွားကြမည် ဖြစ်ပါသည်။
Survey Result အပေါ်တွင် အခြေခံ၍ သတ်မှတ်ထားသော SIG များမှာ
1. Programming Special Interest Group on .NET
2. Programming Special Interest Group on Java
3. Database SIG
4. Network SIG
5. Web Development Special Interest Group
အဆိုပါ SIG ကို စိတ်ဝင်စားသူများ အနေဖြင့် အသင်းရုံးခန်းကို လာရောက်၍ သော်လည်းကောင်း၊ ဖုံးဖြင့် ဆက်၍ သော်လည်းကောင်း၊ mcpa.shan@gmail.com သို့ Email ပို့၍ သော်လည်းကောင်း စာရင်းပေးနိုင် ပါသည်။
SIG များ၏ အပတ်စဉ်ဆွေးနွေးပွဲများကို Sataday, Sunday နေ့များတွင် အချိန်များ ခွဲ၍ ပြုလုပ်သွားမည် ဖြစ်ပါသည်။ လက်ရှိကျင်းပလျက်ရှိသော ဟောပြောပွဲများကိုလဲ အခါအားလျော်စွာ ဆက်လက် ကျင်းပပေးသွားမည် ဖြစ်ပါသည်။

No comments: