Wednesday, January 9, 2008

IT Caravan 2007


IT Caravan 2007 ကို နိုဝင်ဘာလ ၁၆ရက်နေ့မှ စတင်ပြီး တောင်ကြီးမြို့နှင့် အနီးအနား ပတ်ဝန်းကျင်ရှိ မြို့များသို့ သွားရောက်ပြီး ကွန်ပျူတာ ပညာရှင်များမှ ဟောပြောပွဲများ ပြုလုပ်ပေးခဲ့ကြပါသည်။ အဆိုပါပွဲကို ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန တို့က ဦးဆောင်ကာ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နှင့် ကွန်ပျူတာ ပညာရှင်အသင်း၊ ကွန်ပျူတာ လုပ်ငန်းရှင် အသင်းတို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါသည်။ Queen Ster, Soft Guide, MIT, GlobalNet, Technoland, KMD နှင့် PC World တို့မှ ကူညီပံ့ပိုးပေးခဲ့ကြပါသည်။

Caravan ခရီးစဉ်များအဖြစ် တောင်ကြီး အထက (၄)၊ Educational Collegeနှင့် ညောင်ရွှေ၊ အောင်ပန်း၊ ဟဲရွာယာမ၊ ကလော မြို့များရှိ အထက ကျောင်းများတွင် ဟောပြောပွဲများ ကျင်းပခဲ့ကြပါသည်။ အဆိုပါ ကျောင်းများတွင် MCF မှ ဦးသိန်းဦး၊ MCPA မှ ဦးငြိမ်းဦး၊ ဦးဇော်လင်း၊ MCEA မှ ဦးမောင်မောင်သာတို့မှ ကွန်ပျူတာဆိုင်ရာ ခေါင်းစဉ်များကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။

No comments: