Tuesday, July 8, 2008

IT CARAVAN (Nyaung Shwe)


(၆-၇-၀၈) တွင် ရှမ်းပြည်နယ်ကွန်ပျူတာ ပညာရှင်အသင်းနှင့် ရှမ်းပြည်နယ်ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းတို့ ပူပေါင်း၍ ညောင်ရွှေမြို့ သို့ သွားရောက်၍ Introduction To Internet အကြောင်းနှင့် တကွ ရှမ်းပြည်နယ်ကွန်ပျူတာ ပညာရှင်အသင်းနှင့် ရှမ်းပြည်နယ်ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းတို့၏ အကြောင်းနှင့်တကွ အသင်းလုပ်ဆောင်ချက်များကို ဟောပြောခဲ့ပါသည်။
ဟောပြောပွဲသို့ စိတ်ပါဝင်စားသော လုပ်ငန်းရှင်(၂၀)ဦး နှင့်ကျောင်းသားလူငယ် (၃၅)ဦးတက်ရောက် ခဲ့ပါတယ်။



ဟောပြောပွဲတွင် ရှမ်းပြည်နယ်ကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ ဒုဥက္ကဌဒေါ်ဝေေ၀ခင်မှ ရှမ်းပြည်နယ်ကွန်ပျူတာ ပညာရှင်အသင်းနှင့် ရှမ်းပြည်နယ်ကွန်ပျူတာ လုပ်ငန်းရှင်များအသင်း အကြောင်းကိုဟောပြောခဲ့ပါသည်။





ထို့ပြင် ရှမ်းပြည်နယ်ကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ အမှုဆောင်တစ်ဦးဖြစ်သူ ဦးကျော်ကျော်မှ internet အသုံးပြုနည်း ကိုရှင်းလင်းဟောပြောခဲ့ပါသည်။








ရှမ်းပြည်နယ်ကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ အမှုဆောင်တစ်ဦးဖြစ်သူ ဦးစိုင်းခမ်းနွတ်၊
ရှမ်းပြည်နယ်ကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ အမှုဆောင်တစ်ဦးဖြစ်သူ ဒေါ်ငုဝါလှိုင် မှ E-mail အကြောင်းနှင့်
ရှမ်းပြည်နယ်ကွန်ပျူတာပညာရှင်အသင်း၏ အမှုဆောင်တစ်ဦးဖြစ်သူ ဦးအောင်နိုင်ထွန်းမှ မ်းပြည်နယ်ကွန်ပျူတာ ပညာရှင်အသင်းနှင့် ရှမ်းပြည်နယ်ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းတို့၏ လုပ်ဆောင်ချက်များကို ရှင်းလင်းဟောပြောခဲ့ပါသည်။

Saturday, May 24, 2008

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(ရှမ်းပြည်နယ်) မှ အပတ်စဉ် Seminar ကျင်းပ

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(ရှမ်းပြည်နယ်) မှ အပတ်စဉ် Seminar များကို ပြန်လည် ကျင်းပလျက်ရှိရာ စနေနေ့ (၁၇-၅-၂၀၀၈) တွင် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း(ရှမ်းပြည်နယ်)်အတွင်းရေးမှူး ဦးရဲမြန်မာအောင် မှ

"Window Vista"

ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
























မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(ရှမ်းပြည်နယ်) မှ အပတ်စဉ် Seminar ကျင်းပ

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(ရှမ်းပြည်နယ်) မှ အပတ်စဉ် Seminar များကို ပြန်လည် ကျင်းပလျက်ရှိရာ စနေနေ့ (၂၄-၅-၂၀၀၈) တွင် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း(ရှမ်းပြည်နယ်) အမှု

ဆောင်အသစ် တစ်ဦးဖြစ်သူ ဦး သက်လွင်ထွန်း မှ

"Overview of Hardware"

ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။














Saturday, March 8, 2008

MCPA (SHAN) အမှုဆောင်အဖွဲ့ အစည်းအဝေး ကျင်းပခြင်း

မြန်မာနိုင်ငံ ကွန်ပြူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) အမှုဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့ (8-3-2008) ရက်နေ့တွင် အသင်းအစည်းအဝေးခန်းမတွင်း ကျင်းပခဲ့သည်။

အစည်းအဝေးသို့ တက်ရောက်လာသော အမှုဆောင်များ၏ ဆုံးဖြတ်ချက်များမှာ-
=========================================================================
- လာမည့် (15-3-2008) ရက်နေ့တွင် အမှုဆောင်အဖွဲ့ စုံညီအစည်းအဝေး ကျင်းပရန်|
- အဆိုပါ အစည်းအဝေးနေ့တွင် ၂၀၀၈-ခုနှစ် အတွက် မြန်မာနိုင်ငံ ကွန်ပြုတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) ၏ အမှုဆောင် အဖွဲ့အား ပြန်လည် မွမ်းမံ ဖွဲ့စည်းသွားရန်|
- AM အသင်းဝင်များနှင့် OM အသင်းဝင်များအား လူတွေ့ စစ်ဆေး၍ အမှုဆောင်အဖြစ် တိုးချဲ့ ဖွဲ့စည်း၍ တာဝန် ပေးအပ်သွားရန်|
- မြန်မာနိုင်ငံ ကွန်ပြူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) နှင့် မြန်မာနိုင်ငံ ကွန်ပြူတာ လုပ်ငန်းရှင်အသင်း (ရှမ်းပြည်နယ်)တို့၏ အသင်းဖွဲ့စည်းခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်ရန်|

=========================================================================

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ ကွန်ပြူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) အမှုဆောင်အဖွဲ့ဝင်များ အနေဖြင့် (15-3-2008) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံ ကွန်ပြူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) အသင်းရုံးတွင် ကျင်းပပြုလုပ်မည့် အမှုဆောင်အဖွဲ့ အစည်းအဝေးသို့ မပျက်မကွက် (က်က်) တက်ရောက်ပေးနိုင် ပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။

AM အသင်းဝင်များနှင့် OM အသင်းဝင်များ အနေဖြင့် မြန်မာနိုင်ငံ ကွန်ပြူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) အမှုဆောင်အဖွဲ့ တွင် အမှုဆောင်အဖြစ် ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် (14-3-2008) သောကြာနေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံ ကွန်ပြူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) အသင်းရုံးသို့ လာရောက် ဆက်သွယ်ပါရန် ဖိတ်ကြားအပ်ပါသည်။

Sunday, February 24, 2008

ITPEC စာမေးပွဲ ကျင်းပမည်


မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် မှ ကြီးမှူးကျင်းပမည့် ITPEC (Information Technology Professional Examination Council) Exam ကို ၂၀၀၈ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၀င်ရောက် ဖြေဆိုလိုသူများ အနေဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) ရုံးခန်းတွင် လာရောက် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း ကြေငြာအပ်ပါသည်။ အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) တွင်မေးမြန်းနိုင်ပါသည်။ ITPEC website : http://www.itpec.org/ တွင်လည်း ၀င်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

Tuesday, February 19, 2008

PAC အသစ်တစ်ခု ထပ်မံ ဖွင့်လှစ်ခြင်း



တောင်ကြီးမြို့က Internet သုံးစွဲစူများ Internet လှိုင်းစီးနိုင်ဖို့အတွက်
ဒီနေ့ (19-2-2008) ရက်နေ့မှာ PAC အသစ် တစ်ခု ထပ်မံ ဖွင့်လှစ်ခဲ့ပါတယ်
အဲဒီ PAC ကတော့ Cyber Pioneer ဆိုင်ဘဲ ဖြစ်ပါတယ်
ဆိုင်လိပ်စာကတော့ အမှတ် (၄၀၃)၊ တိုက်(၄)၊ ကျွန်းရွှေဝါလမ်း၊ သစ်တောရပ်ကွက်
ဘောလုံးကွင်း တိုက်တန်းမှာ ဖြစ်ပါတယ်
ဆိုင်ပိုင်ရှင် ကိုကျော်ကျော်ဟာ တောင်ကြီးမြို့ကို Internet စတင် သယ်ဆောင်လာသူ
တောင်ကြီးမြို့မှာ Internet ကို စတင် မိတ်ဆက်ပေးခဲ့သူဖြစ်ပါတယ်
မြင်းရုပ်လမ်းဆုံးနားက ဆိုင်ခန်းမှာ mail4u account တွေနဲ့အတူ
Bagan Net ရဲ့ IPstar နဲ့ အတူ Internet ကို Dynamic အမည်နဲ့ စတင် ဖြန့်ဖြူးခဲ့တာဖြစ်ပါတယ်
ခုတော့ ခေတ်မီစွာနဲ့ဘဲ ADSL လိုင်း အသုံးပြုပြီး Cyber Pioneer ရယ်လို့ ပြောင်းလဲ ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်

Sunday, February 3, 2008

Web Development SIG ဆွေးနွေးပွဲကျင်းပ


မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) မှ SIG များ ဖွဲ့စည်းပြီး အပါတ်စဉ် ဆွေးနွေးပွဲများ ကျင်းပလျက်ရှိရာ ဖေဖော်ဝါရီလ ပထမပတ်၏ Web Development SIG ဆွေးနွေးပွဲကို ယနေ့မနက် (၁၀)နာရီတွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲကို Moderator အဖြစ် MCPA (Shan State) အတွင်းရေးမှူး ဦးအောင်ဇေယျာလွင်မှ ဦးဆောင်ခဲ့ပြီး စိတ်ပါဝင်စားသူ SIG Member များ တက်ရောက် ဆွေးနွေးခဲ့ကြ ပါသည်။



Web Development SIG ၏ လှုပ်ရှားမှုအဖြစ် SIG Blog တစ်ခုကိုလဲ Member များမှပူးပေါင်းပါဝင်ပြီး တည်ဆောက်လျက် ရှိပါသည်။

သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ

Wednesday, January 30, 2008

ဖေဖေါ်ဝါရီလ ပထမပတ်အတွက် SIG အချိန်ဇယား

MCPA (Shan State) ၏ ဖေဖေါ်ဝါရီလ ပထမပတ်အတွက် SIG ဆွေးနွေးပွဲ အချိန်ဇယားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။

Saturday, 2nd February 2008

1. SIG: Application Development on .NET
Moderator: U Kyaw Swar Nyo Win
Time: 9:30 am

2. SIG: Network
Moderator: U Sai Myo Win Htet
Time: 10:30 am

Sunday, 3rd February 2008

1. SIG: Web Development
Moderator: U Aung Zay Yar Lwin
Time: 10:00 am

Monday, January 28, 2008

Web Development SIG ကျင်းပ

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) ၏ Web Development SIG ဆွေးနွေးပွဲကို ၂၇-၁-၂၀၀၇ (တနင်္ဂနွေနေ့) နံနက် (၁၀း၀၀) နာရီတွင် အသင်းရုံးခန်းတွင်ကျင်းပခဲ့ပါသည်။ ၄င်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) အတွင်းရေးမှူး ဦးအောင်ဇေယျာလွင် မှ Moderator အဖြစ်ဦးဆောင် ဆွေးနွေးခဲ့ပြီး Web Development ကိုစိတ်ပါဝင်စားသူ အသင်းဝင်များ ပါဝင် ဆွေးနွေးခဲ့ကြပါသည်။




Saturday, January 26, 2008

Special Interest Group ဆွေးနွေးပွဲများ စတင်ကျင်းပ

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(ရှမ်းပြည်နယ်) ၏ Special Interest Group ဆွေးနွေးပွဲများကို MCPA(Shan State) အသင်းရုံးခန်းတွင် ယနေ့စတင်ကျင်းပရာ Application Development on .NET SIG တွင် ဦးကျော်စွာညိုဝင်း မှလည်းကောင်း၊ Network SIG တွင် ဦးစိုင်းမျိုးဝင်းထက် မှလည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပြီး SIG တစ်ခုစီတွင် Member ၂၀ ဦးခန့်စီ တက်ရောက်ခဲ့ကြပါသည်။


မနက်ဖြန်တွင် Web Development နှင့် Database SIG များကို ဆက်လက်ကျင်းပမည်ဖြစ်ပြီး အပတ်စဉ် စနေ နှင့် တနင်္ဂနွေ နေ့တိုင်း SIG များ ကျင်းပသွားမည် ဖြစ်ပါသည်။










Thursday, January 24, 2008

SIG Work Shop အချိန်ဇယား

MCPA Shan State ၏ SIG ဆွေးနွေးပွဲ အစီအစဉ်များကို Moderator များမှ အောက်ပါ အတိုင်း ပြုလုပ်ကြပါမည်။ SIG Member များ အနေနှင့် လာရောက် ဆွေးနွေးနိုင်ပါရန် အကြောင်းကြားအပ်ပါသည်။

Saturday 26, January, 2008
1. Software Development SIG on .Net

U Kyaw Swer Nyo Win
10:00-11:00 AM

2. Network SIG
U Sai Myo Win Htet
11:00-12:00 AM

Sunday 27, January, 2008
1. Web Development SIG
U Aung Zay Yar Lwin
10:00-11:00 AM

2. Database SIG
U Sai Saw Han
11:00-12:00 AM
Seminar, Workshop နှင့် SIG ဆပ်ကော်မတီ

Tuesday, January 22, 2008

IT Caravan 2008 Shan State

ရှမ်းပြည်နယ်အတွင်း နေရာဒေသမခြား ကွန်ပျူတာ နည်းပညာရပ်များ ပျံ့ပွားတိုးတက်စေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) နှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း (ရှမ်းပြည်နယ်)တို့ပူးပေါင်း၍ သတင်းအချက်အလက်နှင့် နည်းပညာ နယ်လှည့် ဟောပြောပွဲ (IT Caravan - 2008 Shan State) ကို တောင်ကြီးခရိုင်အတွင်းရှိ ဟိုပုံးမြို့နှင့် လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်မြို့ သို့ သွားရောက်၍ ဟောပြောပွဲများ ကျင်းပပေးခဲ့ပါသည်။


ပညာရှင်အသင်းနှင့် လုပ်ငန်းရှင်အသင်းတို့မှ အဖွဲ့ဝင် ၈ဦး ပါဝင်သော၊ IT Caravan 2008 Shan State ခရီးစဉ်သည် ၂၁ရက်နေ့ မနက် ၆နာရီ ၅၀မိနစ်မှစ၍ တောင်ကြီးမြို့မှ စတင်ထွက်ခွာခဲ့ပြီး၊ ၉နာရီ ၄၅မိနစ်တွင် လွိုင်လင်မြို့သို့ ရောက်ရှိခဲ့ပါသည်။ လွိုင်လင်မြို့ရှိ အ.ထ.က (၁) ကျောင်းတွင် ကွန်ပျူတာ နည်းပညာဆိုင်ရာ ဟောပြောပွဲများ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ လွိုင်လင်မြို့ရှိ အ.ထ.က ကျောင်း(၂) ကျောင်းမှ ကျောင်းသားကျောင်းသူများ၊ ပင်လုံကွန်ပျူတာ တက္ကသိုလ်မှ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လွိုင်လင်မြို့ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများနှင့် စိတ်ပါဝင်စားသူ (၂၅၀)ကျော် တက်ရောက် လေ့လာခဲ့ကြပါသည်။

မနက် ၁၀နာရီ ၂၀မိနစ်တွင် အခမ်းအနား စတင်ခဲ့ပြီး၊ လွိုင်လင်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်)မှ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းလုံကျော်မှ မိတ်ဆက် အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပညာရှင်အသင်း အမှုဆောင် တစ်ဦးဖြစ်သူ ဦးအောင်နိုင်ထွန်းမှ "အသင်းလှုပ်ရှားမှုများ" အကြောင်းကို လည်းကောင်း၊ လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးစိုင်းခမ်းနွတ်မှ "Computer for All" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လုပ်ငန်းရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ဝေေ၀ခင်မှ "Computer for Education" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပညာရှင်အသင်း အမှုဆောင် ဦးစိုင်းမျိုးဝင်းထက်မှ "How Computer Work?" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လုပ်ငန်းရှင်အသင်း အမှုဆောင် ဦးကျော်ကျော်မှ "Current Usage of Internet and Email" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ရှင်းလင်း ဟောပြောခဲ့ကြပါသည်။

၎င်းနောက် လွိုင်လင်မြို့နယ် ပညာရေးမှူးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ဟောပြောပွဲများ အပြီးတွင် IT Caravan 2008 Shan State အဖွဲ့မှ လွိုင်လင်မြို့ရှိ ကျောင်းများသို့ ကွန်ပျူတာဆိုင်ရာ စာအုပ်၊ စာတမ်းများ၊ ဂျာနယ်များနှင့် CD များကို သက်ဆိုင်ရာ ကျောင်းကိုယ်စားလှယ်များသို့ ပေးအပ်ခဲ့ပြီး၊ အခမ်းအနားသည် နေ့လည် ၁၂နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။


ထို့နောက် အဖွဲ့ဝင်များသည် မွန်းလွဲ ၁နာရီတွင် လွိုင်လင်မြို့မှ ပြန်လည်ထွက်ခွာလာရာ၊ ညနေ ၃နာရီ ၁၀မိနစ်တွင် ဟိုပုံးမြို့သို့ ရောက်ရှိခဲ့ပါသည်။ ဟိုပုံးမြို့ရှိ အ.ထ.က ကျောင်း၌ ၃နာရီ ၃၀မိနစ်တွင် အခမ်းအနားကို စတင်ကျင်းပခဲ့ပြီး ဟိုပုံးမြို့နယ် ဥက္ကဋ္ဌမှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ထို့နောက် IT Caravan အဖွဲ့ဝင် (၆)ဦးမှ သက်ဆိုင်ရာခေါင်းစဉ် အလိုက် အသီးသီး ဟောပြော ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူပေါင်း (၂၄၀)ခန့် တက်ရောက်ခဲ့ကြသည်။ ၎င်းနောက် ဟိုပုံး အ.ထ.က ကျောင်းအုပ်ကြီးမှ ကျေးဇူးတင်စကား လှိုက်လဲစွာ ပြောကြားခဲ့ပြီး၊ အသင်းများမှ ကျောင်းသို့ ကွန်ပျူတာဆိုင်ရာ စာအုပ်များ၊ ဂျာနယ်များနှင့် CDများကို ပေးအပ်ခဲ့ပါသည်။

ဤသို့ဖြင့် ညနေ ၅နာရီ ၁၀မိနစ်တွင် IT Caravan 2008 Shan State ၏ ဟိုပုံးမြို့ ဟောပြောပွဲ ပြီးဆုံးခဲ့ပြီး၊ ပြန်လည် ထွက်ခွာလာခဲ့ကြရာ ညနေ ၆နာရီ ၁၀မိနစ်တွင် တောင်ကြီးမြို့သို့ ရောက်ရှိခဲ့ကြပါသည်။

Sunday, January 20, 2008

Resource Links

၁၉ရက်နေ့တွင် ကျင်းပခဲ့သော ဟောပြောပွဲ Presentation မှ IT Field ထဲမှ Computer လူငယ်များအတွက် အသုံးဝင်မည့် Site Link များကို ဖော်ပြပေးလိုက် ပါသည်။

E-Books Hosted Site
1. FlazX
2. Enebook
4. Xpressionsz
5. E-Books Share
6. PdfChm

E-Larning Sites
1. Microsoft Elearning
2. Microsoft TechNet
3. TechNet Virtual Lab
4. Online M.Sc (Computer Science)
5. Online M.B.A

အပတ်စဉ် ဟောပြောပွဲများ ကျင်းပ


မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်)မှ အပတ်စဉ် ကွန်ပျူတာ နည်းပညာဆိုင်ရာ ဟောပြောပွဲများ ကျင်းပလျက်ရှိရာ၊ ယခုအပတ် (၁၉)ရက်နေ့တွင် အတွင်းရေးမှူး ဦးအောင်ဇေယျာလွင်မှ "Taking Opportunities from Special Interest Group" ခေါင်းစဉ် ဖြင့်လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး ဦးရဲမြန်မာအောင်မှ "How to Build Learning Society by using The Internet?" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အသီးသီး ဟောပြောခဲ့ကြပါသည်။ အဆိုပါ ဟောပြောပွဲသို့ တောင်ကြီးမြို့မှ စိတ်ပါဝင်စားသူ လူငယ်များ တက်ရောက် ဆွေးနွေးမေးမြန်းခဲ့ကြ ပါသည်။
အဆိုပါ ဟောပြောပွဲတွင် MCPA (Shan State) မှ ဖွဲ့စည်းထူထောင်ပေးမည့် SIG အဖွဲ့များ အကြောင်းကို အဓိကထား ဆွေးနွေးခဲ့ပြီး၊ ဟောပြောပွဲတက်ရောက်သူ လူငယ်များမှလဲ မိမိတို့ စိတ်ပါဝင်စားရာ နယ်ပယ်အလိုက် SIG အဖွဲ့များတွင် ပါဝင်နိုင်ရန် ၀င်ရောက်စာရင်းပေးခဲ့ကြပါသည်။
ရှေ့လာမည့် အပတ်များတွင် သက်ဆိုင်ရာ SIG အဖွဲ့များအလိုက် Workshop ပုံစံဖြင့် ဆွေးနွေးပွဲများ လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ သက်ဆိုင်ရာ SIG အလိုက် ကျင်းပမည့် ဆွေးနွေးပွဲ အချိန်ဇယားများကိုလဲ မကြာမီ ထုတ်ပြန်ပေးသွားပါမည်။
သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ

IT Caravan 2008 - Shan State သွားမည်

ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်မှုအရ ရှမ်းပြည်နယ် USDA အသင်း၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်ရှင်အသင်း (ရှမ်းပြည်နယ်) တို့ ဦးဆောင်သည့် အချက်အလက် ဆက်သွယ်ရေးနည်းပညာ နယ်လှည့် ဟောပြောပွဲ -၂၀၀၈ (IT Caravan 2008 - Shan State) ကို ၂၀၀၈ခုနှစ်၊ ဇန်န၀ါရီလ (၂၁) တွင် လွိုင်လင်မြို့နှင့် ဟိုပုံးမြို့များသို့ သွားရောက်၍ ဟောပြောဆွေးနွေးပွဲများ ပြုလုပ်မည် ဖြစ်ပါသည်။

၂၁ရက်နေ့ မနက် ၉နာရီတွင် အ.ထ.က လွိုင်လင်သို့ လည်းကောင်း၊ နေ့လည် ၂နာရီတွင် အ.ထ.က ဟိုပုံးသို့ လည်းကောင်း MCPA (Shan State) MCIA (Shan State) တို့မှ ဒုဥက္ကဌများ၊ အတွင်းရေးမှုများနှင့် အမှုဆောင် အဖွဲ့များ သွားရောက်၍ ကွန်ပျူတာ နည်းပညာဆိုင်ရာ သိကောင်းစရာများကို ဟောပြောသွားမည်ဖြစ်ပါသည်။

SIG များဖွဲ့စည်း

Application Development SIG on Java
Moderator:
Dr Swe Swe Shein
Ph.D (IT)
ssksucsy@gmail.com

Application Development SIG on .Net
Moderator:
U Kyaw Swer Nyo Win
B.C.Sc, MCP, MCTS
mediatransform@gmail.com

Web Development SIG
Moderator:
U Aung Zayyar Lwin
B.C.Sc (Hons)
azyl@mail4u.com
aungzayyar@gmail.com

Database SIG
Moderator:
U Sai Saw Han
M.I.Sc
sawhantgi@gmail.com

Network SIG
Modertor:
U Sai Myo Win Htet
B.C.Sc
komyotgi@gmail.com

SIG အဖွဲ့ဝင်များ မိမိနှင့် သက်ဆိုင်ရာ Moderator များကို အဆက်အသွယ်မပျက် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဖော်ပြပေးလိုက်ပါသည်။

Wednesday, January 16, 2008

ဟောပြောပွဲများ ကျင်းပမည်

ယခု လာမည့် စနေနေ့တွင် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) မှ ကျင်းပမည့် ဟောပြောပွဲ ခေါင်းစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

"Taking Opportunity from Special Interest Groups."
U Aung Zay Yar Lwin
Secretary of MCPA (Shan State)

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) မှ စုစည်းတည်ထောင်ပေးမည့် Special Interest Group များတွင် ပါဝင်ခြင်းအားဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ အကြောင်းကို အဓိကထား ဟောပြောမည် ဖြစ်ပြီး၊ အဆိုပါဟောပြောပွဲတွင် မိမိစိတ်ပါဝင်စားသော SIG အဖွဲ့များသို့ စာရင်းပေးသွင်း ပါဝင်နိုင်ပါမည်။

"How to build Learning Society using the Internet?"
U Ye Myanmar Aung
Joint Secretary (1)

မည်သည့် နည်းလမ်းများဖြင့် Internet ကို Learning Tool တစ်ခုအနေဖြင့် အသုံးချ၍ ရနိုင်မည်။ Internet ဖြင့် နည်းပညာအသစ်အဆန်းများကို လေ့လာကာ Learning Society တစ်ခု မည်သို့ တည်ဆောင်နိုင်မည်ကို အဓိကထား ဆွေးနွေးပေးသွားမည် ဖြစ်ပါသည်။

ဟောပြောပွဲအချိန်မှာ ၁၉ရက်နေ့ နံနက် (၁၀)နာရီမှ (၁၂)နာရီအထိ ဖြစ်ပါသည်။ စိတ်ပါဝင်စားသူ မည်သူမဆို လာရောက် လေ့လာ၍ ဆွေးနွေး မေးမြန်းနိုင် ပါသည်။ ဟောပြောပွဲကျင်းပမည့် နေရာမှာ ယခင် ကျင်းပမြဲဖြစ်သော ဟောပြောပွဲခန်းမတွင် ဖြစ်ပါသည်။

Seminar, Work Shop & SIG ဆပ်ကော်မတီ

Sunday, January 13, 2008

Advanced Training on .Net Foundation

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) မှ တောင်ကြီးမြို့ရှိ ကွန်ပျူတာ ပညာရပ်ကို လေ့လာ နေသူတိုင်းအတွက် အဆင့်မြင့်နည်းပညာရပ် ပျံ့ပွားစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ပေးလျက်ရှိသော Advanced Training သင်တန်းများမှ Microsoft .NET Framework 2.0—Application Development Foundation သင်တန်းအား ယခုလအတွင်း ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။




Microsoft MCTS (Microsoft Certified Technology Specialist) Exam 70-536 အတွက် ရည်ရွယ်ပြီး ဖွင့်လှစ် သင်ကြားပေးမည့် သင်တန်း ဖြစ်ပြီး၊ Microsoft မှ ထုတ်သည့် Training Book ကို Reference လုပ်ကာ သင်ကြားသွားမည် ဖြစ်ပါသည်။ Microsoft .Net ကို စိတ်ပါဝင်စားသူများ အတွက် အခြေခံအဖြစ် လေ့လာသင်ယူရမည့် သင်တန်း ဖြစ်ပါသည်။

သင်တန်းချိန်
တနင်္လာနေ့မှ သောကြာနေ့
ညနေ ၄နာရီခွဲမှ ၆နာရီအထိ

သင်တန်းကာလ
တစ်လခွဲ

သင်တန်းကြေး
၃၅၀၀၀ကျပ်
၃၀၀၀၀ကျပ် (MCPA Member)

သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် စိတ်ပါဝင်စား သူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါသည်။

Phone: 081-25329
Mail: mcpa.shan@gmail.com
Exam, Competition နှင့် Training ဆပ်ကော်မတီ

Saturday, January 12, 2008

What we should know about the Web Development.

Seminar Presentation
File Type: RAR, PPTX
Size: 6.55MB

Special Interest Group များဖွဲ့၍ ဆွေးနွေးပွဲများ ပြုလုပ်မည်

ကွန်ပျူတာ ပညာရှင်အသင်း ရှမ်းပြည်နယ်၏ ယနေ့ကျင်းပသော ၁/၂၀၀၈ လပတ်အစည်းအဝေး ဆုံးဖြတ်ချက် အရ အပတ်စဉ် ကျင်းပရန် ရည်ရွယ်ထားသည့် Seminar များနေရာတွင် ပိုမို Specific ဖြစ်သော Special Interest Groups (SIGs) များ ဖွဲ့စည်းကာ ၀ိုင်းဝန်းဆွေးနွေးပြီး ပညာဖလယ် သွားကြရန် အစီအစဉ် ရှိပါသည်။
ယခုလာမည့် အပတ်စနေနေ့တွင် Seminar လုပ်၍ အသင်းဝင်များကို မိမိစိတ်ဝင်စားရာ နယ်ပယ်အလိုက် SIG များတွင် ပါဝင်နိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ SIG များကို ယခင်နှစ် Seminar လာရောက် နားထောင်သူများ၏ သဘောထားကို ကောက်ယူထားသော စာရင်း (Survey Result) အပေါ်တွင် အခြေခံပြီး ဖွဲ့စည်းပေးသွားမည် ဖြစ်ပါသည်။
အဆိုပါ SIG အဖွဲ့များကို MCPA (Shan State) ၏ အမှုဆောင်တစ်ဦးစီမှ တာဝန်ယူ၍ Moderator အဖြစ် ဆောင်ရွက်ကာ ဦးဆောင် ဆွေးနွေးသွားမည်ဖြစ်ပါသည်။ SIG အဖွဲ့ဝင်များအနေဖြင့် အဖွဲ့ဦးဆောင်သူနှင့် ပူပေါင်းပါဝင်ကာ သက်ဆိုင်ရာ နည်းပညာများကို ဆည်းပူးလေ့လာ သွားကြမည် ဖြစ်ပါသည်။
Survey Result အပေါ်တွင် အခြေခံ၍ သတ်မှတ်ထားသော SIG များမှာ
1. Programming Special Interest Group on .NET
2. Programming Special Interest Group on Java
3. Database SIG
4. Network SIG
5. Web Development Special Interest Group
အဆိုပါ SIG ကို စိတ်ဝင်စားသူများ အနေဖြင့် အသင်းရုံးခန်းကို လာရောက်၍ သော်လည်းကောင်း၊ ဖုံးဖြင့် ဆက်၍ သော်လည်းကောင်း၊ mcpa.shan@gmail.com သို့ Email ပို့၍ သော်လည်းကောင်း စာရင်းပေးနိုင် ပါသည်။
SIG များ၏ အပတ်စဉ်ဆွေးနွေးပွဲများကို Sataday, Sunday နေ့များတွင် အချိန်များ ခွဲ၍ ပြုလုပ်သွားမည် ဖြစ်ပါသည်။ လက်ရှိကျင်းပလျက်ရှိသော ဟောပြောပွဲများကိုလဲ အခါအားလျော်စွာ ဆက်လက် ကျင်းပပေးသွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(ရှမ်းပြည်နယ်) မှ အပတ်စဉ် Seminar ကျင်းပ

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(ရှမ်းပြည်နယ်) မှ အပတ်စဉ် Seminar များကို ပြန်လည် ကျင်းပလျက်ရှိရာ ယခုအပတ် စနေနေ့ (၁၂-၁-၂၀၀၈) တွင် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း(ရှမ်းပြည်နယ်) တွဲဖက်အတွင်းရေးမှူး(၁) ဦးရဲမြန်မာအောင် မှ

"What we should know about the Web Development"



ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။













သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ

Friday, January 11, 2008

အပတ်စဉ် ဟောပြောပွဲများ ပြန်လည်ကျင်းပမည်

့မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်)၊ Seminar, Workshop နှင့် SIG ဆပ်ကော်မတီမှ ကွန်ပျူတာ နည်းပညာများ လူထုအတွင်း ပျံ့ပွားစေရန် ရည်ရွယ်ပြီး ကျင်းပသော ကွန်ပျူတာနည်းပညာ ဆိုင်ရာ ဟောပြောပွဲများကို အပတ်စဉ် ပြန်လည် ကျင်းပမည် ဖြစ်ပါသည်။ အဆိုပါ ဟောပြောပွဲများကို ယခင် ကျင်းပမြဲဖြစ်သော အသင်းရုံး ဟောပြောပွဲ ခမ်းမတွင် စနေနေ့ မနက် ၁၀နာရီမှ ၁၂နာရီအတွင်း အပါတ်စဉ် ပြန်လည် ကျင်းပသွားမည် ဖြစ်ပါသည်။
စိတ်ပါဝင်စားသူ မည်သူမဆို လာရောက် နားထောင်ပြီး ပါဝင်ဆွေးနွေးမေးမြန်းနိုင်ပါသည်။

Seminar Title
"What we should know about the Web Development."

Speaker တွဲဖက်အတွင်းရေးမှူး (၁)၊ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်)
့နေရာ ဟောပြောပွဲခမ်းမ၊ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်)
အချိန် ၁၂-ဇန်န၀ါရီ-၂၀၀၈ (စနေနေ့)မနက် ၁၀နာရီမှ ၁၂နာရီ အထိ

သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီ

Thursday, January 10, 2008

၂၀၀၈ ခုနှစ်အတွက် နှစ်စဉ်ကြေးများ ပေးသွင်းနိုင်ပါပြီ

MCPA (Shan State) အသင်းဝင်များ ၂၀၀၈ ခုနှစ်အတွက် member card များလဲလှယ်ရန်နှင့် နှစ်စဉ်ကြေးများပေးသွင်းရန် MCPA (Shan State) ရုံးခန်းတွင် လက်ခံဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ကြေညာအပ်ပါသည်။

၂၀၀၈ ခုနှစ်အတွက် အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးများကို အောက်ပါအတိုင်း ကောက်ခံသွားမည်ဖြစ်ပါသည်။

1. Student Member (၀င်ကြေး - ၁၅၀၀ ကျပ်၊ နှစ်စဉ်ကြေး - ၂၀၀၀ ကျပ်)၊
2. Associate Member (၀င်ကြေး - ၃၀၀၀ ကျပ်၊ နှစ်စဉ်ကြေး - ၄၀၀၀ ကျပ်)၊
2. Ordinary Member (၀င်ကြေး - ၄၀၀၀ ကျပ်၊ နှစ်စဉ်ကြေး - ၆၀၀၀ ကျပ်)။

ဆက်သွယ်ရန်
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) ရုံးခန်း၊
ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် တောင်ကျောင်းလမ်းထောင့်၊
မြို့မရပ်၊ တောင်ကြီးမြို့။
ဖုန်း 081-25329
mailto:mcpa.shan@gmail.com

Wednesday, January 9, 2008

6th ICT Exhibition ရတနာပုံ အမှတ်တရ


ရတနာပုံ ဆိုက်ဘာစီတီးတွင် သွားရောက်ပြသ လေ့လာခဲ့ကြသော MCPA - Shan State နှင့် MCIA - Shan State မှ အမှုဆောင်များ

အဆိုပါ ပွဲသို့ MCPA - Shan State မှ
ဦးစိုင်းလုံကျော်
ဦးအောင်ဇေယျာလွင်
ဦးရဲမြန်မာအောင်နှင့်
ဦးအောင်နိုင်ထွန်း

MCIA Shan State မှ
ဒေါ်ဝေေ၀ခင်
ဦးစိုင်းခမ်းနွတ်နှင့်
ဦးကျော်ကျော် တို့ သွားရောက်ခဲ့ကြ ပါသည်။

IT Caravan 2007


IT Caravan 2007 ကို နိုဝင်ဘာလ ၁၆ရက်နေ့မှ စတင်ပြီး တောင်ကြီးမြို့နှင့် အနီးအနား ပတ်ဝန်းကျင်ရှိ မြို့များသို့ သွားရောက်ပြီး ကွန်ပျူတာ ပညာရှင်များမှ ဟောပြောပွဲများ ပြုလုပ်ပေးခဲ့ကြပါသည်။ အဆိုပါပွဲကို ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန တို့က ဦးဆောင်ကာ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နှင့် ကွန်ပျူတာ ပညာရှင်အသင်း၊ ကွန်ပျူတာ လုပ်ငန်းရှင် အသင်းတို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါသည်။ Queen Ster, Soft Guide, MIT, GlobalNet, Technoland, KMD နှင့် PC World တို့မှ ကူညီပံ့ပိုးပေးခဲ့ကြပါသည်။

Caravan ခရီးစဉ်များအဖြစ် တောင်ကြီး အထက (၄)၊ Educational Collegeနှင့် ညောင်ရွှေ၊ အောင်ပန်း၊ ဟဲရွာယာမ၊ ကလော မြို့များရှိ အထက ကျောင်းများတွင် ဟောပြောပွဲများ ကျင်းပခဲ့ကြပါသည်။ အဆိုပါ ကျောင်းများတွင် MCF မှ ဦးသိန်းဦး၊ MCPA မှ ဦးငြိမ်းဦး၊ ဦးဇော်လင်း၊ MCEA မှ ဦးမောင်မောင်သာတို့မှ ကွန်ပျူတာဆိုင်ရာ ခေါင်းစဉ်များကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။

2nd ICT Exhibition 2007


2nd ICT Exhibition 2007 ကို နိုဝင်ဘာလ၊ ၁၆ရက် မှ ၁၇ရက်နေ့အထိ ၃ရက် တောင်ကြီးမြို့ မြို့တော်ခမ်းမှတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ပြပွဲတွင် MSI, Cannon, D-Corner, View Sonic, Concordia, eTrade, Student Choice, MCC, Zin 9, BluRay, KM Computer, Winter Root, Sony နှင့် VCT Group တို့မှ ပါဝင်ပြသခဲ့ကြပါသည်။

MCPA, MCIA Shan State တို့မှ ကမကထလုပ်ပြီး Blo Blo Game ကဦးစီးကျင်းပတဲ့ Dota ပြိုင်ပွဲနှင့် Counter ပြိုင်ပွဲများလဲ ကျင်းပခဲ့ပါသည်။ အသင်းပေါင်း ၂၀ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲ ၂ခုအတွက် Champion တစ်သင်းလျှင် ဆုငွေ တစ်သိန်းနှင့် ဆုဖလား တစ်ခုစီ ပေးအပ်ခဲ့ပါသည်။

ပွဲအထိမ်းအမှတ် အဖြစ် ကွန်ပျူတာ ပန်းချီပြိုင်ပွဲ၊ Quiz ပြိုင်ပွဲများလဲ ကျင်းပပေးနိုင်ခဲ့ပါသည်။ ပန်းချီပြိုင်ပွဲကို Voting စနစ်ဖြင့် ဆုရွေးချယ်ပေးခဲ့ပါသည်။

ရတာနာပုံ ဆိုက်ဘာစီးတီး



မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း ရှမ်းပြည်နယ်တို့ရဲ့ Activities တစ်ခုအနေနဲ့ ရတနာပုံ Cybercity စတင်ဖွင့်လှစ်တဲ့ ပွဲမှာ သွားရောက် လေ့လာ ခဲ့ကြပါတယ်။ ထို့အပြင် 6th ICT Week မှာလဲ Booth တစ်ခုယူကာ အသင်းရဲ့ လှုပ်ရှားဆောင်ရွက်မှုများကို သွားရောက် ပြသခဲ့ကြပါတယ်။ အမှုဆောင် (၇)ယောက် အထိ သွားရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ ICT လှုပ်ရှားမှုများကို မျက်ခြေမပျက်အောင်၊ မိမိတို့ရဲ့ ပြည်နယ်မှာလဲ နည်းပညာတွေ ပြန့်ပွားတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် လေ့လာဆွေးနွေး နိုင်ခဲ့ကြပါတယ်။

Monday, January 7, 2008

နှစ် (၆၀)ပြည့် လွတ်လပ်ရေးနေ့ Quiz

Level 2 668K Download

Level 1 640K Download

နှစ် (၆၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကွန်ပျူတာ စွမ်းရည်ပြိုင်ပွဲများမှ Computer Quiz ပြိုင်ပွဲမှာ အသုံးပြုခဲ့တဲ့ Quizzing Software လေးကို စိတ်ပါဝင်စားသူများ Download လုပ်ပြီး ဖြေကြည့်နိုင်ပါတယ်။ Win Researcher Font နဲ့ ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် Font လိုအပ်မှာ ဖြစ်ပါတယ်။ Font ကို တော့ ဒီမှာ Download လုပ်ပါ။ ပြီးရင် Computer ရဲ့ Font Folder မှာ Install လုပ်ပါ။

ITPEC Exam List

ITPEC Exam Result ထွက်လာတဲ့ အချိန်မှာတော့ ပထမဆုံးအကြိမ် ၀င်ရောက်ဖြေဆိုကြတဲ့ တောင်ကြီးမြို့က ကွန်ပျူတာ ကျောင်းသားတစ်ယောက် ညနေဘက်အပိုင်းကို အောင်မြင်ခဲ့ပါတယ်။ ITPEC ဆိုတာကို တစ်လသာသာလောက်ကမှ သိရှိခဲ့ကြပြီး၊ ပြင်ဆင်ချိန်လဲ သိပ်မရှိခဲ့၊ အောင်ဖို့ ခက်တယ်ဆိုတာလဲ သိကြပေမဲ့လဲ စိတ်ဝင်တစား ကြိုးစားပန်းစား ဖြေဆိုခဲ့ကြတဲ့ တောင်ကြီးမြို့က ကွန်ပျူတာ လူငယ် ၂၇ယောက်မှာ အောင်တဲ့သူ တစ်ယောက် ရှိခဲ့ပါတယ်။ ရန်ကုန်နဲ့ တောင်ကြီးမှာသာ ကျင်းပခဲ့တဲ့ အယောက် ၂၂၀ ကျော်ပါဝင်ဖြေဆိုခဲ့တဲ့ ITPEC Exam မှာ ၁၀ယောက်သာ အပြည့်အောင်ခဲ့ပြီး ၈ယောက် တစ်ဝက်အောင်ခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီ အောင်မြင်တဲ့ ၁၈မှာ တောင်ကြီးမြို့က တစ်ယောက် ပါဝင်နိုင်ခဲ့တာလဲ တောင်ကြီးမြို့အတွက် ဂုဏ်ယူစရာ တစ်ခုပဲဖြစ်ပါတယ်။

Advanced Training Batch (1) သင်တန်း ပြီးဆုံး

MCPA (Shan State) ရဲ့ ပထမဆုံး Advanced Training သင်တန်းဖြစ်သည့် "Network Plus Indepth & Administering Windows XP Professional" သင်တန်း ၆ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၃ရက်နေ့ကနေပြီး နေ့စဉ် ညနေ ၁နာရီမှ၊ ၃နာရီအထိ ဖွင့်လှစ်ခဲ့တဲ့ အဆိုပါသင်တန်းကို သင်တန်းသား စုစုပေါင်း (၁၁)ရက် တက်ရောက်ခဲ့ကြ ပါတယ်။

သင်တန်းကာလကတော့ စုစုပေါင်း (၃၀)ရက် ကြာမြင့်ခဲ့ပြီး သင်တန်းချိန် (၆၀)နာရီရှိခဲ့ပါတယ်။ သင်တန်းမှာ အသုံးပြုခဲ့တဲ့ Reference Books တွေကတော့ Network + Exam အတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ "Network + 2005 Indepth" စာအုပ်နဲ့ Microsoft Certificate အတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ "MCSAMCSE Self-Paced Training Kit (Exam 70-270) v2" စာအုပ်တွေ ဖြစ်ပါတယ်။

သင်တန်းသားများကို သင်တန်းပြီးဆုံးခြင်း Certificate များ ပေးအပ်ခဲ့ပါတယ်။

နောက်ထပ် Advanced Training များကိုလဲ ဆက်လက်ပြီးတော့ ဖွင့်လှစ်သွားဖို့ အစီအစဉ်တွေလဲ ရှိပါတယ်။

Thursday, January 3, 2008

လွတ်လပ်ရေးနေ့ ကွန်ပျူတာ စွမ်းရည်ပြိုင်ပွဲ ကျင်းပ



နှစ် (၆၀) ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း (ရှမ်းပြည်နယ်) နှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်း(ရှမ်းပြည်နယ်)တို့ ပူးပေါင်းကျင်းပသော ကွန်ပျူတာ စွမ်းရည်ပြိုင်ပွဲများ ကို လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရာ တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံ ကွင်းသစ်ကြီးတွင် ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ (၃) ရက်နေ့နှင့် (၄) ရက်နေ့များတွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ ပါသည်။

ပြိုင်ပွဲသို့ တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များမှ ကျောင်းသူ/ကျောင်းသားများနှင့် ပြင်ပမှ စိတ်ပါဝင်စားသူများ လာရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။

Wednesday, January 2, 2008

ဆပ်ကော်မတီများ

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်)၏ ၃/၂၀၀၇ ပထမအကြိမ် လပတ်အစည်းအဝေး ဆုံးဖြတ်ချက်အရ အသင်းရှိ အဓိကကျသော လုပ်ငန်းများကို ထိရောက်စွာ ကြိုးပမ်း အကောင်ထည် ဖော်နိုင်ရေး အတွက် ဆပ်ကော်မတီ (၅)ခု ဖွဲ့စည်း၍ တာဝန်အသီးသီး ပေးအပ်ထား ပါသည်။

၁။ အသင်းသားရေးရာ ဆပ်ကော်မတီ
၂။ သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီ
၃။ ICT Resource Center ဆပ်ကော်မတီ
- Library လုပ်ငန်းအဖွဲ့
- E-Library လုပ်ငန်းအဖွဲ့
၎။ Exam, Competition နှင့် Training ဆပ်ကော်မတီ
၅။ Seminar, Workshop နှင့် SGI ဆပ်ကော်မတီ

Tuesday, January 1, 2008

Seminar List

June
09-06-2007 Current Usage of Internet & E-mail
16-06-2007 How to Create a Web Blog
23-06-2007 Approaching Internet from Media Interface
30-06-2007 Fundamentals of Structured Programming Techniques

July
07-07-2007 Planning & Designing a Website
14-07-2007 ICT Knowledge Development & Guidance
14-07-2007 Effective Usage of Web Based Mail
22-07-2007 World of Networking

August
04-08-2007 Fundamental Network
11-08-2007 Experience in APEC Women's e-Biz Training 2007 Seoul, Korea
18-08-2007 Computer Cracking Techniques

November

December
Windows XP Special Features

လှုပ်ရှားမှုများ

လစဉ်အမှုဆောင်အစည်းအဝေး
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း(ရှမ်းပြည်နယ်)မှ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးများကို လစဉ် ဒုတိယပတ်၏ စနေနေ့တွင် ကျင်းပ၍ ရန်ကုန် ကွန်ပျူတာပညာရှင်အသင်းမှ ပေးပို့သော အချက်အလက် များနှင့် မိမိတို့၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်ကြပါသည်။

ICT Exhibition
မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း (ရှမ်းပြည်နယ်)တို့ ပူးပေါင်း၍ ရှမ်းပြည်နယ်အတွင်း ပထမဆုံးအကြိမ် ICT Exhibition ကို (၃၀-၃-၂၀၀၇)၊ (၃၁-၃-၂၀၀၇) နှင့် (၁-၄-၂၀၀၇) ရက်နေ့များတွင် တောင်ကြီးမြို့တော်ခန်းမ၌ ကျင်းပခဲ့ပါသည်။ ယင်းပြပွဲသို့ ရန်ကုန်နှင့် မန္တလေးမှ ကုမ္ပဏီ အရောင်းပြခန်းများ လာရောက်ပြသကြ၍ တောင်ကြီးမြို့မှ Computer ဆိုင်များမှလည်း ၀င်ရောက် ပြသကြပါသည်။ ပြပွဲအတွင်း ဥာဏ်စမ်းပဟေဠိပြိုင်ပွဲများနှင့် ဟောပြောပွဲများ ကိုလည်း ကျင်းပခဲ့ပါသည်။ Seminar များကိုလည်း ရှမ်းပြည်နယ် USDA အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ဦးသိန်းဦး၊ ဦးသောင်းတင်၊ ဒေါ်ဝါ၀ါထွန်း၊ ဒေါ်နွဲ့နွဲ့ဝင်း၊ ဦးသောင်းစုငြိမ်းတို့မှ အသီးသီး ဟောပြောခဲ့ကြပါသည်။

Competition များ
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း(ရှမ်းပြည်နယ်)မှ ကြီးမှူး၍ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်း (ရှမ်းပြည်နယ်)မှ ပါဝင်ပံ့ပိုးသော ပထမအကြိမ်တက္ကသိုလ်အဆင့် Programming ပြိုင်ပွဲကို (၂၄-၅-၂၀၀၇) ရက်နေ့တွင် တောင်ကြီးကွန်ပျူတာတက္ကသိုလ်နှင့် (၂၅-၅-၂၀၀၇) ရက်နေ့တွင် တောင်ကြီး နည်းပညာ တက္ကသိုလ်တို့၌ အသီးသီး ကျင်းပခဲ့ပါသည်။ တောင်ကြီးကွန်ပျူတာတက္ကသိုလ်မှ (၄၈)ဦး နှင့် တောင်ကြီး နည်းပညာ တက္ကသိုလ်မှ (၁၃)ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။

တောင်ကြီးကွန်ပျူတာတက္ကသိုလ်တွင်ကျင်းပသော Programming ပြိုင်ပွဲအတွက်ဆုပေးပွဲကို (၂၈-၅-၂၀၀၇) ရက်နေ့ နံနက်(၉း၀၀)နာရီတွင် တောင်ကြီးကွန်ပျူတာတက္ကသိုလ်၌ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားတွင် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) ဒုဥက္ကဌဦးစိုင်းလုံကျော်မှ နှုတ်ခွန်းဆက်စကား ပြောကြားပြီး အတွင်းရေးမှူး ဦးအောင်ဇေယျာလွင်က မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့်ပတ်သက်၍ သိကောင်းစရာများကို ဟောပြောပါသည်။ ထို့နောက် အလုပ်အမှုဆောင် ဦးစိုင်းအောင်မိန်းမှ Programming ပြိုင်ပွဲအကြောင်းနှင့် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း၏ Exam များအကြောင်း ရှင်းလင်းဟောပြော ပါသည်။ ထို့နောက် ဦးစိုင်းလုံကျော်မှ Best Programmer ဆုရရှိသော မမြတ်စုမွန်အား ဆုချီးမြှင့်ပါသည်။ ဆက်လက်၍ ပြိုင်ပွဲဝင်ကြသော ကျောင်းသူ/သားများအတွက် Member Form များအခမဲ့ပေးအပ်ပြီး ကျောင်းသားတစ်ဦးမှကျေးဇူးတင် စကား ပြောကြား၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ပါသည်။

တောင်ကြီးနည်းပညာတက္ကသိုလ်တွင်ကျင်းပသော Programming ပြိုင်ပွဲအတွက်ဆုပေးပွဲကို (၂၈-၅-၂၀၀၇) ရက်နေ့ နေ့လည်(၁း၃၀)နာရီတွင် တောင်ကြီးနည်းပညာတက္ကသိုလ်၌ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားတွင် မြန်မာ နိုင်ငံကွန်ပျူတာလုပ်ငန်းရှင် အသင်း(ရှမ်းပြည်နယ်) ဒုဥက္ကဌဒေါ်ဝေေ၀ခင်မှ မိတ်ဆက် အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(ရှမ်းပြည်နယ်) အတွင်းရေးမှူး ဦးအောင်ဇေယျာလွင်က အသင်းနှင့် ပတ်သက်၍ သိကောင်းစရာများကိုဟောပြောပြီး အလုပ်အမှုဆောင် ဦးစိုင်းအောင်မိန်းမှ ယခုကျင်းပသော Programming ပြိုင်ပွဲအကြောင်းနှင့် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း၏ Exam များအကြောင်း ရှင်းလင်း ဟောပြောပါသည်။ ထို့နောက် The Best Programmer ဆုရရှိသော BE IT မှ စိုင်းသီဝမ်းအား ဒေါ်ဝေေ၀ခင်မှ ဆုချီးမြှင့်ပါသည်။ ဆက်လက်၍ ပြိုင်ပွဲဝင်ကြသော ကျောင်းသူ/သား (၁၃)ဦးအား Member Form များအခမဲ့ပေးအပ်ပြီး ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

စတင်ဖွဲ့စည်းခြင်း

ရှမ်းပြည်နယ်အတွင်း ကွန်ပျူတာပညာရှင်အသင်းနှင့် လုပ်ငန်းရှင်အသင်းများ ဖွဲ့စည်းရေးအတွက် တောင်ကြီးမြို့ရှိ Computer Center များမှ လုပ်ငန်းရှင်နှင့် ပညာရှင်များ၊ တောင်ကြီးကွန်ပျူတာတက္ကသိုလ်နှင့် တောင်ကြီး နည်းပညာတက္ကသိုလ်တို့မှ ပညာရှင်များ ပူးပေါင်းပါဝင်၍ ၂၀၀၇ခုနှစ်၊ မတ်လအတွင်း စတင် ဆွေးနွေးခဲ့ ပါသည်။

ထို့နောက် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်)နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင် အသင်း (ရှမ်းပြည်နယ်) တို့ကို အလုပ်အမှုဆောင်(၂၄)ဦးစီဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး (၃၀-၃-၂၀၀၇) ရက်နေ့တွင် ရှမ်းပြည်နယ် အစည်းအဝေးခန်းမ (ကျားခေါင်းခန်းမ)တွင်ကျင်းပသော အသင်းဖွဲ့စည်းခြင်း အခမ်းအနားတွင် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ အတည်ပြုပေးခဲ့ပါသည်။

ကွန်ပျူတာအသင်းများဖွဲ့စည်း၍ လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းအေးမှ အသင်းတစ်သင်းလျှင် ငွေကျပ်(၂၅)သိန်းစီဖြင့် နှစ်သင်းအတွက် ကျပ်သိန်း(၅၀)၊ ရှမ်းပြည်နယ် USDA မှ တစ်သင်းလျှင် ငွေကျပ်(၅)သိန်းစီဖြင့် ကျပ်(၁၀)သိန်း၊ ရှမ်းပြည်နယ် USDA အတွင်းရေးမှူး ဦးဥာဏ်လင်းမှ တစ်သင်းလျှင် ကျပ်(၁)သိန်းစီဖြင့် ကျပ်(၂)သိန်းတို့ကို အရင်းမပျောက် မတည်ငွေ အဖြစ် ကူညီပံ့ပိုးပေးခဲ့ကြပါသည်။ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်းနှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင် အသင်းတို့မှ တစ်သင်းလျှင် ငွေကျပ်(၃)သိန်းစီဖြင့် ကျပ်(၆)သိန်း၊ KMD မှ တစ်သင်းလျှင် ကျပ်(၁)သိန်းစီ ဖြင့်ကျပ်(၂)သိန်း၊ GlobalNet, Winner Computer Group, World Peace, Inforithm Maze, Alpha, Setra ကုမ္ပဏီများမှလည်း တစ်သင်းလျှင် ကျပ်(၅)သောင်းဖြင့် ကျပ်(၁)သိန်းစီ အလှူငွေများအသီးသီး လှူဒါန်းမတည်ပေးခဲ့ကြပါသည်။

မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း(ရှမ်းပြည်နယ်) နှင့် မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်အသင်း (ရှမ်းပြည်နယ်) စတင်ဖွဲ့စည်းခြင်း နှင့်အတူ ရှမ်းပြည်နယ်၏ ပထမအကြိမ် သတင်းအချက်အလက်နှင့် နည်းပညာပြပွဲ 1st ICT Exhibition Shan State ကိုလည်းကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(ရှမ်းပြည်နယ်)ကို စတင်ဖွဲ့စည်းစဉ်က ဥက္ကဌအနေဖြင့် တောင်ကြီး ကွန်ပျူတာ တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ဒုတိယဥက္ကဌများအဖြစ် တောင်ကြီးနည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ အတွင်းရေးမှူးအဖြစ် USDS IT နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာနမှူး ဦးစိုင်းလုံကျော်တို့ဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ နောက်ပိုင်းတွင် အသင်း၏ လုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် (၂၇-၅-၂၀၀၇) ရက်နေ့တွင်ကျင်းပသော အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဥက္ကဌအဖြစ် တောင်ကြီး ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ဒုတိယဥက္ကဌများအဖြစ် တောင်ကြီးနည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ရှမ်းပြည်နယ် USDA IT နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာနမှူး ဦးစိုင်းလုံကျော်၊ အတွင်းရေးမှူးအဖြစ် ဦးအောင်ဇေယျာလွင် တို့ကို ရွေးချယ်တာဝန်ပေးအပ်ပါသည်။ ဆပ်ကော်မတီများကိုလည်းဖွဲ့စည်း၍ အမှုဆောင်များအား တာဝန်ခွဲဝေ ဆောင်ရွက်စေခဲ့ပါသည်။

အသင်းဝင်အင်အား
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်)တွင် လက်ရှိအားဖြင့် OM(၂၆)ဦး၊ AM(၃)ဦး၊ SM (၂၀၀)ဦးခန့် ရှိပြီ ဖြစ်ပါသည်။ SM များမှာ တောင်ကြီးကွန်ပျူတာတက္ကသိုလ်နှင့် တောင်ကြီးနည်းပညာ တက္ကသိုလ်တို့မှ အများဆုံးဖြစ်ပါသည်။ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များအပြင် ပြင်ပမှအသင်းဝင်ရန်လျှောက် ထားသူများကိုလည်း အရည်အချင်းပြည့်မီလျှင် စိစစ်လက်ခံပေးသွားမည် ဖြစ်ပါသည်။ ဆက်လက်၍လည်း ရှမ်းပြည်နယ် မြောက်ပိုင်းနှင့်အရှေ့ပိုင်းသို့ စည်းရုံး၍အသင်းဝင်များ လက်ခံပေးသွားရန် အစီအစဉ်ရှိပါသည်။

ကွန်ပျူတာ စွမ်းရည်ပြိုင်ပွဲများ

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်)နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း (ရှမ်းပြည်နယ်) တို့ ပူးပေါင်း၍ ``လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကွန်ပျူတာ စွမ်းရည်ပြိုင်ပွဲများ´´ကို ဇန်န၀ါရီလ (၃)ရက်နှင့် (၄)ရက်နေ့များတွင် ကျင်းပသွားမည် ဖြစ်ပါသည်။

ပါဝင်မည့် ပြိုင်ပွဲများမှာ
1. ကွန်ပျူတာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ
အဆင့်မြင့်ပညာအဆင့်/အခြေခံပညာအဆင့်
2. ကွန်ပျူတာ Typing ပြိုင်ပွဲများ
အဆင့်မြင့်ပညာအဆင့်/အခြေခံပညာအဆင့်
3. အခြေခံပညာအဆင့် ကွန်ပျူတာ ကျွမ်းကျင်မှု ပြိုင်ပွဲများ
1. Presentation (Microsoft Power Point 2003)
2. Desktop Publishing - DTP (Microsoft Word 2003)

အသေးစိတ်အချက်အလက်များကို ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် တောင်ကျောင်းလမ်းထောင့်ရှိ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) ရုံးခန်း၊ ဖုံး 081-25329 သို့ လာရောက် စုံစမ်းနိုင် ပါသည်။