Tuesday, July 8, 2008

IT CARAVAN (Nyaung Shwe)


(၆-၇-၀၈) တွင် ရှမ်းပြည်နယ်ကွန်ပျူတာ ပညာရှင်အသင်းနှင့် ရှမ်းပြည်နယ်ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းတို့ ပူပေါင်း၍ ညောင်ရွှေမြို့ သို့ သွားရောက်၍ Introduction To Internet အကြောင်းနှင့် တကွ ရှမ်းပြည်နယ်ကွန်ပျူတာ ပညာရှင်အသင်းနှင့် ရှမ်းပြည်နယ်ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းတို့၏ အကြောင်းနှင့်တကွ အသင်းလုပ်ဆောင်ချက်များကို ဟောပြောခဲ့ပါသည်။
ဟောပြောပွဲသို့ စိတ်ပါဝင်စားသော လုပ်ငန်းရှင်(၂၀)ဦး နှင့်ကျောင်းသားလူငယ် (၃၅)ဦးတက်ရောက် ခဲ့ပါတယ်။



ဟောပြောပွဲတွင် ရှမ်းပြည်နယ်ကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ ဒုဥက္ကဌဒေါ်ဝေေ၀ခင်မှ ရှမ်းပြည်နယ်ကွန်ပျူတာ ပညာရှင်အသင်းနှင့် ရှမ်းပြည်နယ်ကွန်ပျူတာ လုပ်ငန်းရှင်များအသင်း အကြောင်းကိုဟောပြောခဲ့ပါသည်။





ထို့ပြင် ရှမ်းပြည်နယ်ကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ အမှုဆောင်တစ်ဦးဖြစ်သူ ဦးကျော်ကျော်မှ internet အသုံးပြုနည်း ကိုရှင်းလင်းဟောပြောခဲ့ပါသည်။








ရှမ်းပြည်နယ်ကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ အမှုဆောင်တစ်ဦးဖြစ်သူ ဦးစိုင်းခမ်းနွတ်၊
ရှမ်းပြည်နယ်ကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ အမှုဆောင်တစ်ဦးဖြစ်သူ ဒေါ်ငုဝါလှိုင် မှ E-mail အကြောင်းနှင့်
ရှမ်းပြည်နယ်ကွန်ပျူတာပညာရှင်အသင်း၏ အမှုဆောင်တစ်ဦးဖြစ်သူ ဦးအောင်နိုင်ထွန်းမှ မ်းပြည်နယ်ကွန်ပျူတာ ပညာရှင်အသင်းနှင့် ရှမ်းပြည်နယ်ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းတို့၏ လုပ်ဆောင်ချက်များကို ရှင်းလင်းဟောပြောခဲ့ပါသည်။

Saturday, May 24, 2008

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(ရှမ်းပြည်နယ်) မှ အပတ်စဉ် Seminar ကျင်းပ

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(ရှမ်းပြည်နယ်) မှ အပတ်စဉ် Seminar များကို ပြန်လည် ကျင်းပလျက်ရှိရာ စနေနေ့ (၁၇-၅-၂၀၀၈) တွင် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း(ရှမ်းပြည်နယ်)်အတွင်းရေးမှူး ဦးရဲမြန်မာအောင် မှ

"Window Vista"

ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
























မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(ရှမ်းပြည်နယ်) မှ အပတ်စဉ် Seminar ကျင်းပ

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(ရှမ်းပြည်နယ်) မှ အပတ်စဉ် Seminar များကို ပြန်လည် ကျင်းပလျက်ရှိရာ စနေနေ့ (၂၄-၅-၂၀၀၈) တွင် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း(ရှမ်းပြည်နယ်) အမှု

ဆောင်အသစ် တစ်ဦးဖြစ်သူ ဦး သက်လွင်ထွန်း မှ

"Overview of Hardware"

ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။














Saturday, March 8, 2008

MCPA (SHAN) အမှုဆောင်အဖွဲ့ အစည်းအဝေး ကျင်းပခြင်း

မြန်မာနိုင်ငံ ကွန်ပြူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) အမှုဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့ (8-3-2008) ရက်နေ့တွင် အသင်းအစည်းအဝေးခန်းမတွင်း ကျင်းပခဲ့သည်။

အစည်းအဝေးသို့ တက်ရောက်လာသော အမှုဆောင်များ၏ ဆုံးဖြတ်ချက်များမှာ-
=========================================================================
- လာမည့် (15-3-2008) ရက်နေ့တွင် အမှုဆောင်အဖွဲ့ စုံညီအစည်းအဝေး ကျင်းပရန်|
- အဆိုပါ အစည်းအဝေးနေ့တွင် ၂၀၀၈-ခုနှစ် အတွက် မြန်မာနိုင်ငံ ကွန်ပြုတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) ၏ အမှုဆောင် အဖွဲ့အား ပြန်လည် မွမ်းမံ ဖွဲ့စည်းသွားရန်|
- AM အသင်းဝင်များနှင့် OM အသင်းဝင်များအား လူတွေ့ စစ်ဆေး၍ အမှုဆောင်အဖြစ် တိုးချဲ့ ဖွဲ့စည်း၍ တာဝန် ပေးအပ်သွားရန်|
- မြန်မာနိုင်ငံ ကွန်ပြူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) နှင့် မြန်မာနိုင်ငံ ကွန်ပြူတာ လုပ်ငန်းရှင်အသင်း (ရှမ်းပြည်နယ်)တို့၏ အသင်းဖွဲ့စည်းခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်ရန်|

=========================================================================

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ ကွန်ပြူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) အမှုဆောင်အဖွဲ့ဝင်များ အနေဖြင့် (15-3-2008) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံ ကွန်ပြူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) အသင်းရုံးတွင် ကျင်းပပြုလုပ်မည့် အမှုဆောင်အဖွဲ့ အစည်းအဝေးသို့ မပျက်မကွက် (က်က်) တက်ရောက်ပေးနိုင် ပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။

AM အသင်းဝင်များနှင့် OM အသင်းဝင်များ အနေဖြင့် မြန်မာနိုင်ငံ ကွန်ပြူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) အမှုဆောင်အဖွဲ့ တွင် အမှုဆောင်အဖြစ် ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် (14-3-2008) သောကြာနေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံ ကွန်ပြူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) အသင်းရုံးသို့ လာရောက် ဆက်သွယ်ပါရန် ဖိတ်ကြားအပ်ပါသည်။

Sunday, February 24, 2008

ITPEC စာမေးပွဲ ကျင်းပမည်


မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် မှ ကြီးမှူးကျင်းပမည့် ITPEC (Information Technology Professional Examination Council) Exam ကို ၂၀၀၈ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၀င်ရောက် ဖြေဆိုလိုသူများ အနေဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) ရုံးခန်းတွင် လာရောက် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း ကြေငြာအပ်ပါသည်။ အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) တွင်မေးမြန်းနိုင်ပါသည်။ ITPEC website : http://www.itpec.org/ တွင်လည်း ၀င်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

Tuesday, February 19, 2008

PAC အသစ်တစ်ခု ထပ်မံ ဖွင့်လှစ်ခြင်း



တောင်ကြီးမြို့က Internet သုံးစွဲစူများ Internet လှိုင်းစီးနိုင်ဖို့အတွက်
ဒီနေ့ (19-2-2008) ရက်နေ့မှာ PAC အသစ် တစ်ခု ထပ်မံ ဖွင့်လှစ်ခဲ့ပါတယ်
အဲဒီ PAC ကတော့ Cyber Pioneer ဆိုင်ဘဲ ဖြစ်ပါတယ်
ဆိုင်လိပ်စာကတော့ အမှတ် (၄၀၃)၊ တိုက်(၄)၊ ကျွန်းရွှေဝါလမ်း၊ သစ်တောရပ်ကွက်
ဘောလုံးကွင်း တိုက်တန်းမှာ ဖြစ်ပါတယ်
ဆိုင်ပိုင်ရှင် ကိုကျော်ကျော်ဟာ တောင်ကြီးမြို့ကို Internet စတင် သယ်ဆောင်လာသူ
တောင်ကြီးမြို့မှာ Internet ကို စတင် မိတ်ဆက်ပေးခဲ့သူဖြစ်ပါတယ်
မြင်းရုပ်လမ်းဆုံးနားက ဆိုင်ခန်းမှာ mail4u account တွေနဲ့အတူ
Bagan Net ရဲ့ IPstar နဲ့ အတူ Internet ကို Dynamic အမည်နဲ့ စတင် ဖြန့်ဖြူးခဲ့တာဖြစ်ပါတယ်
ခုတော့ ခေတ်မီစွာနဲ့ဘဲ ADSL လိုင်း အသုံးပြုပြီး Cyber Pioneer ရယ်လို့ ပြောင်းလဲ ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်

Sunday, February 3, 2008

Web Development SIG ဆွေးနွေးပွဲကျင်းပ


မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) မှ SIG များ ဖွဲ့စည်းပြီး အပါတ်စဉ် ဆွေးနွေးပွဲများ ကျင်းပလျက်ရှိရာ ဖေဖော်ဝါရီလ ပထမပတ်၏ Web Development SIG ဆွေးနွေးပွဲကို ယနေ့မနက် (၁၀)နာရီတွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲကို Moderator အဖြစ် MCPA (Shan State) အတွင်းရေးမှူး ဦးအောင်ဇေယျာလွင်မှ ဦးဆောင်ခဲ့ပြီး စိတ်ပါဝင်စားသူ SIG Member များ တက်ရောက် ဆွေးနွေးခဲ့ကြ ပါသည်။



Web Development SIG ၏ လှုပ်ရှားမှုအဖြစ် SIG Blog တစ်ခုကိုလဲ Member များမှပူးပေါင်းပါဝင်ပြီး တည်ဆောက်လျက် ရှိပါသည်။

သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ

Wednesday, January 30, 2008

ဖေဖေါ်ဝါရီလ ပထမပတ်အတွက် SIG အချိန်ဇယား

MCPA (Shan State) ၏ ဖေဖေါ်ဝါရီလ ပထမပတ်အတွက် SIG ဆွေးနွေးပွဲ အချိန်ဇယားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။

Saturday, 2nd February 2008

1. SIG: Application Development on .NET
Moderator: U Kyaw Swar Nyo Win
Time: 9:30 am

2. SIG: Network
Moderator: U Sai Myo Win Htet
Time: 10:30 am

Sunday, 3rd February 2008

1. SIG: Web Development
Moderator: U Aung Zay Yar Lwin
Time: 10:00 am