Showing posts with label Announcements. Show all posts
Showing posts with label Announcements. Show all posts

Saturday, March 8, 2008

MCPA (SHAN) အမှုဆောင်အဖွဲ့ အစည်းအဝေး ကျင်းပခြင်း

မြန်မာနိုင်ငံ ကွန်ပြူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) အမှုဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့ (8-3-2008) ရက်နေ့တွင် အသင်းအစည်းအဝေးခန်းမတွင်း ကျင်းပခဲ့သည်။

အစည်းအဝေးသို့ တက်ရောက်လာသော အမှုဆောင်များ၏ ဆုံးဖြတ်ချက်များမှာ-
=========================================================================
- လာမည့် (15-3-2008) ရက်နေ့တွင် အမှုဆောင်အဖွဲ့ စုံညီအစည်းအဝေး ကျင်းပရန်|
- အဆိုပါ အစည်းအဝေးနေ့တွင် ၂၀၀၈-ခုနှစ် အတွက် မြန်မာနိုင်ငံ ကွန်ပြုတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) ၏ အမှုဆောင် အဖွဲ့အား ပြန်လည် မွမ်းမံ ဖွဲ့စည်းသွားရန်|
- AM အသင်းဝင်များနှင့် OM အသင်းဝင်များအား လူတွေ့ စစ်ဆေး၍ အမှုဆောင်အဖြစ် တိုးချဲ့ ဖွဲ့စည်း၍ တာဝန် ပေးအပ်သွားရန်|
- မြန်မာနိုင်ငံ ကွန်ပြူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) နှင့် မြန်မာနိုင်ငံ ကွန်ပြူတာ လုပ်ငန်းရှင်အသင်း (ရှမ်းပြည်နယ်)တို့၏ အသင်းဖွဲ့စည်းခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်ရန်|

=========================================================================

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ ကွန်ပြူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) အမှုဆောင်အဖွဲ့ဝင်များ အနေဖြင့် (15-3-2008) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံ ကွန်ပြူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) အသင်းရုံးတွင် ကျင်းပပြုလုပ်မည့် အမှုဆောင်အဖွဲ့ အစည်းအဝေးသို့ မပျက်မကွက် (က်က်) တက်ရောက်ပေးနိုင် ပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။

AM အသင်းဝင်များနှင့် OM အသင်းဝင်များ အနေဖြင့် မြန်မာနိုင်ငံ ကွန်ပြူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) အမှုဆောင်အဖွဲ့ တွင် အမှုဆောင်အဖြစ် ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် (14-3-2008) သောကြာနေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံ ကွန်ပြူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) အသင်းရုံးသို့ လာရောက် ဆက်သွယ်ပါရန် ဖိတ်ကြားအပ်ပါသည်။

Sunday, February 24, 2008

ITPEC စာမေးပွဲ ကျင်းပမည်


မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် မှ ကြီးမှူးကျင်းပမည့် ITPEC (Information Technology Professional Examination Council) Exam ကို ၂၀၀၈ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၀င်ရောက် ဖြေဆိုလိုသူများ အနေဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) ရုံးခန်းတွင် လာရောက် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း ကြေငြာအပ်ပါသည်။ အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) တွင်မေးမြန်းနိုင်ပါသည်။ ITPEC website : http://www.itpec.org/ တွင်လည်း ၀င်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

Thursday, January 24, 2008

SIG Work Shop အချိန်ဇယား

MCPA Shan State ၏ SIG ဆွေးနွေးပွဲ အစီအစဉ်များကို Moderator များမှ အောက်ပါ အတိုင်း ပြုလုပ်ကြပါမည်။ SIG Member များ အနေနှင့် လာရောက် ဆွေးနွေးနိုင်ပါရန် အကြောင်းကြားအပ်ပါသည်။

Saturday 26, January, 2008
1. Software Development SIG on .Net

U Kyaw Swer Nyo Win
10:00-11:00 AM

2. Network SIG
U Sai Myo Win Htet
11:00-12:00 AM

Sunday 27, January, 2008
1. Web Development SIG
U Aung Zay Yar Lwin
10:00-11:00 AM

2. Database SIG
U Sai Saw Han
11:00-12:00 AM
Seminar, Workshop နှင့် SIG ဆပ်ကော်မတီ

Sunday, January 20, 2008

IT Caravan 2008 - Shan State သွားမည်

ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်မှုအရ ရှမ်းပြည်နယ် USDA အသင်း၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်ရှင်အသင်း (ရှမ်းပြည်နယ်) တို့ ဦးဆောင်သည့် အချက်အလက် ဆက်သွယ်ရေးနည်းပညာ နယ်လှည့် ဟောပြောပွဲ -၂၀၀၈ (IT Caravan 2008 - Shan State) ကို ၂၀၀၈ခုနှစ်၊ ဇန်န၀ါရီလ (၂၁) တွင် လွိုင်လင်မြို့နှင့် ဟိုပုံးမြို့များသို့ သွားရောက်၍ ဟောပြောဆွေးနွေးပွဲများ ပြုလုပ်မည် ဖြစ်ပါသည်။

၂၁ရက်နေ့ မနက် ၉နာရီတွင် အ.ထ.က လွိုင်လင်သို့ လည်းကောင်း၊ နေ့လည် ၂နာရီတွင် အ.ထ.က ဟိုပုံးသို့ လည်းကောင်း MCPA (Shan State) MCIA (Shan State) တို့မှ ဒုဥက္ကဌများ၊ အတွင်းရေးမှုများနှင့် အမှုဆောင် အဖွဲ့များ သွားရောက်၍ ကွန်ပျူတာ နည်းပညာဆိုင်ရာ သိကောင်းစရာများကို ဟောပြောသွားမည်ဖြစ်ပါသည်။

SIG များဖွဲ့စည်း

Application Development SIG on Java
Moderator:
Dr Swe Swe Shein
Ph.D (IT)
ssksucsy@gmail.com

Application Development SIG on .Net
Moderator:
U Kyaw Swer Nyo Win
B.C.Sc, MCP, MCTS
mediatransform@gmail.com

Web Development SIG
Moderator:
U Aung Zayyar Lwin
B.C.Sc (Hons)
azyl@mail4u.com
aungzayyar@gmail.com

Database SIG
Moderator:
U Sai Saw Han
M.I.Sc
sawhantgi@gmail.com

Network SIG
Modertor:
U Sai Myo Win Htet
B.C.Sc
komyotgi@gmail.com

SIG အဖွဲ့ဝင်များ မိမိနှင့် သက်ဆိုင်ရာ Moderator များကို အဆက်အသွယ်မပျက် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဖော်ပြပေးလိုက်ပါသည်။

Wednesday, January 16, 2008

ဟောပြောပွဲများ ကျင်းပမည်

ယခု လာမည့် စနေနေ့တွင် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) မှ ကျင်းပမည့် ဟောပြောပွဲ ခေါင်းစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

"Taking Opportunity from Special Interest Groups."
U Aung Zay Yar Lwin
Secretary of MCPA (Shan State)

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) မှ စုစည်းတည်ထောင်ပေးမည့် Special Interest Group များတွင် ပါဝင်ခြင်းအားဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ အကြောင်းကို အဓိကထား ဟောပြောမည် ဖြစ်ပြီး၊ အဆိုပါဟောပြောပွဲတွင် မိမိစိတ်ပါဝင်စားသော SIG အဖွဲ့များသို့ စာရင်းပေးသွင်း ပါဝင်နိုင်ပါမည်။

"How to build Learning Society using the Internet?"
U Ye Myanmar Aung
Joint Secretary (1)

မည်သည့် နည်းလမ်းများဖြင့် Internet ကို Learning Tool တစ်ခုအနေဖြင့် အသုံးချ၍ ရနိုင်မည်။ Internet ဖြင့် နည်းပညာအသစ်အဆန်းများကို လေ့လာကာ Learning Society တစ်ခု မည်သို့ တည်ဆောင်နိုင်မည်ကို အဓိကထား ဆွေးနွေးပေးသွားမည် ဖြစ်ပါသည်။

ဟောပြောပွဲအချိန်မှာ ၁၉ရက်နေ့ နံနက် (၁၀)နာရီမှ (၁၂)နာရီအထိ ဖြစ်ပါသည်။ စိတ်ပါဝင်စားသူ မည်သူမဆို လာရောက် လေ့လာ၍ ဆွေးနွေး မေးမြန်းနိုင် ပါသည်။ ဟောပြောပွဲကျင်းပမည့် နေရာမှာ ယခင် ကျင်းပမြဲဖြစ်သော ဟောပြောပွဲခန်းမတွင် ဖြစ်ပါသည်။

Seminar, Work Shop & SIG ဆပ်ကော်မတီ

Sunday, January 13, 2008

Advanced Training on .Net Foundation

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) မှ တောင်ကြီးမြို့ရှိ ကွန်ပျူတာ ပညာရပ်ကို လေ့လာ နေသူတိုင်းအတွက် အဆင့်မြင့်နည်းပညာရပ် ပျံ့ပွားစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ပေးလျက်ရှိသော Advanced Training သင်တန်းများမှ Microsoft .NET Framework 2.0—Application Development Foundation သင်တန်းအား ယခုလအတွင်း ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။




Microsoft MCTS (Microsoft Certified Technology Specialist) Exam 70-536 အတွက် ရည်ရွယ်ပြီး ဖွင့်လှစ် သင်ကြားပေးမည့် သင်တန်း ဖြစ်ပြီး၊ Microsoft မှ ထုတ်သည့် Training Book ကို Reference လုပ်ကာ သင်ကြားသွားမည် ဖြစ်ပါသည်။ Microsoft .Net ကို စိတ်ပါဝင်စားသူများ အတွက် အခြေခံအဖြစ် လေ့လာသင်ယူရမည့် သင်တန်း ဖြစ်ပါသည်။

သင်တန်းချိန်
တနင်္လာနေ့မှ သောကြာနေ့
ညနေ ၄နာရီခွဲမှ ၆နာရီအထိ

သင်တန်းကာလ
တစ်လခွဲ

သင်တန်းကြေး
၃၅၀၀၀ကျပ်
၃၀၀၀၀ကျပ် (MCPA Member)

သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် စိတ်ပါဝင်စား သူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါသည်။

Phone: 081-25329
Mail: mcpa.shan@gmail.com
Exam, Competition နှင့် Training ဆပ်ကော်မတီ

Saturday, January 12, 2008

Special Interest Group များဖွဲ့၍ ဆွေးနွေးပွဲများ ပြုလုပ်မည်

ကွန်ပျူတာ ပညာရှင်အသင်း ရှမ်းပြည်နယ်၏ ယနေ့ကျင်းပသော ၁/၂၀၀၈ လပတ်အစည်းအဝေး ဆုံးဖြတ်ချက် အရ အပတ်စဉ် ကျင်းပရန် ရည်ရွယ်ထားသည့် Seminar များနေရာတွင် ပိုမို Specific ဖြစ်သော Special Interest Groups (SIGs) များ ဖွဲ့စည်းကာ ၀ိုင်းဝန်းဆွေးနွေးပြီး ပညာဖလယ် သွားကြရန် အစီအစဉ် ရှိပါသည်။
ယခုလာမည့် အပတ်စနေနေ့တွင် Seminar လုပ်၍ အသင်းဝင်များကို မိမိစိတ်ဝင်စားရာ နယ်ပယ်အလိုက် SIG များတွင် ပါဝင်နိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ SIG များကို ယခင်နှစ် Seminar လာရောက် နားထောင်သူများ၏ သဘောထားကို ကောက်ယူထားသော စာရင်း (Survey Result) အပေါ်တွင် အခြေခံပြီး ဖွဲ့စည်းပေးသွားမည် ဖြစ်ပါသည်။
အဆိုပါ SIG အဖွဲ့များကို MCPA (Shan State) ၏ အမှုဆောင်တစ်ဦးစီမှ တာဝန်ယူ၍ Moderator အဖြစ် ဆောင်ရွက်ကာ ဦးဆောင် ဆွေးနွေးသွားမည်ဖြစ်ပါသည်။ SIG အဖွဲ့ဝင်များအနေဖြင့် အဖွဲ့ဦးဆောင်သူနှင့် ပူပေါင်းပါဝင်ကာ သက်ဆိုင်ရာ နည်းပညာများကို ဆည်းပူးလေ့လာ သွားကြမည် ဖြစ်ပါသည်။
Survey Result အပေါ်တွင် အခြေခံ၍ သတ်မှတ်ထားသော SIG များမှာ
1. Programming Special Interest Group on .NET
2. Programming Special Interest Group on Java
3. Database SIG
4. Network SIG
5. Web Development Special Interest Group
အဆိုပါ SIG ကို စိတ်ဝင်စားသူများ အနေဖြင့် အသင်းရုံးခန်းကို လာရောက်၍ သော်လည်းကောင်း၊ ဖုံးဖြင့် ဆက်၍ သော်လည်းကောင်း၊ mcpa.shan@gmail.com သို့ Email ပို့၍ သော်လည်းကောင်း စာရင်းပေးနိုင် ပါသည်။
SIG များ၏ အပတ်စဉ်ဆွေးနွေးပွဲများကို Sataday, Sunday နေ့များတွင် အချိန်များ ခွဲ၍ ပြုလုပ်သွားမည် ဖြစ်ပါသည်။ လက်ရှိကျင်းပလျက်ရှိသော ဟောပြောပွဲများကိုလဲ အခါအားလျော်စွာ ဆက်လက် ကျင်းပပေးသွားမည် ဖြစ်ပါသည်။

Friday, January 11, 2008

အပတ်စဉ် ဟောပြောပွဲများ ပြန်လည်ကျင်းပမည်

့မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်)၊ Seminar, Workshop နှင့် SIG ဆပ်ကော်မတီမှ ကွန်ပျူတာ နည်းပညာများ လူထုအတွင်း ပျံ့ပွားစေရန် ရည်ရွယ်ပြီး ကျင်းပသော ကွန်ပျူတာနည်းပညာ ဆိုင်ရာ ဟောပြောပွဲများကို အပတ်စဉ် ပြန်လည် ကျင်းပမည် ဖြစ်ပါသည်။ အဆိုပါ ဟောပြောပွဲများကို ယခင် ကျင်းပမြဲဖြစ်သော အသင်းရုံး ဟောပြောပွဲ ခမ်းမတွင် စနေနေ့ မနက် ၁၀နာရီမှ ၁၂နာရီအတွင်း အပါတ်စဉ် ပြန်လည် ကျင်းပသွားမည် ဖြစ်ပါသည်။
စိတ်ပါဝင်စားသူ မည်သူမဆို လာရောက် နားထောင်ပြီး ပါဝင်ဆွေးနွေးမေးမြန်းနိုင်ပါသည်။

Seminar Title
"What we should know about the Web Development."

Speaker တွဲဖက်အတွင်းရေးမှူး (၁)၊ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်)
့နေရာ ဟောပြောပွဲခမ်းမ၊ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်)
အချိန် ၁၂-ဇန်န၀ါရီ-၂၀၀၈ (စနေနေ့)မနက် ၁၀နာရီမှ ၁၂နာရီ အထိ

သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီ

Thursday, January 10, 2008

၂၀၀၈ ခုနှစ်အတွက် နှစ်စဉ်ကြေးများ ပေးသွင်းနိုင်ပါပြီ

MCPA (Shan State) အသင်းဝင်များ ၂၀၀၈ ခုနှစ်အတွက် member card များလဲလှယ်ရန်နှင့် နှစ်စဉ်ကြေးများပေးသွင်းရန် MCPA (Shan State) ရုံးခန်းတွင် လက်ခံဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ကြေညာအပ်ပါသည်။

၂၀၀၈ ခုနှစ်အတွက် အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးများကို အောက်ပါအတိုင်း ကောက်ခံသွားမည်ဖြစ်ပါသည်။

1. Student Member (၀င်ကြေး - ၁၅၀၀ ကျပ်၊ နှစ်စဉ်ကြေး - ၂၀၀၀ ကျပ်)၊
2. Associate Member (၀င်ကြေး - ၃၀၀၀ ကျပ်၊ နှစ်စဉ်ကြေး - ၄၀၀၀ ကျပ်)၊
2. Ordinary Member (၀င်ကြေး - ၄၀၀၀ ကျပ်၊ နှစ်စဉ်ကြေး - ၆၀၀၀ ကျပ်)။

ဆက်သွယ်ရန်
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) ရုံးခန်း၊
ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် တောင်ကျောင်းလမ်းထောင့်၊
မြို့မရပ်၊ တောင်ကြီးမြို့။
ဖုန်း 081-25329
mailto:mcpa.shan@gmail.com

Monday, January 7, 2008

ITPEC Exam List

ITPEC Exam Result ထွက်လာတဲ့ အချိန်မှာတော့ ပထမဆုံးအကြိမ် ၀င်ရောက်ဖြေဆိုကြတဲ့ တောင်ကြီးမြို့က ကွန်ပျူတာ ကျောင်းသားတစ်ယောက် ညနေဘက်အပိုင်းကို အောင်မြင်ခဲ့ပါတယ်။ ITPEC ဆိုတာကို တစ်လသာသာလောက်ကမှ သိရှိခဲ့ကြပြီး၊ ပြင်ဆင်ချိန်လဲ သိပ်မရှိခဲ့၊ အောင်ဖို့ ခက်တယ်ဆိုတာလဲ သိကြပေမဲ့လဲ စိတ်ဝင်တစား ကြိုးစားပန်းစား ဖြေဆိုခဲ့ကြတဲ့ တောင်ကြီးမြို့က ကွန်ပျူတာ လူငယ် ၂၇ယောက်မှာ အောင်တဲ့သူ တစ်ယောက် ရှိခဲ့ပါတယ်။ ရန်ကုန်နဲ့ တောင်ကြီးမှာသာ ကျင်းပခဲ့တဲ့ အယောက် ၂၂၀ ကျော်ပါဝင်ဖြေဆိုခဲ့တဲ့ ITPEC Exam မှာ ၁၀ယောက်သာ အပြည့်အောင်ခဲ့ပြီး ၈ယောက် တစ်ဝက်အောင်ခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီ အောင်မြင်တဲ့ ၁၈မှာ တောင်ကြီးမြို့က တစ်ယောက် ပါဝင်နိုင်ခဲ့တာလဲ တောင်ကြီးမြို့အတွက် ဂုဏ်ယူစရာ တစ်ခုပဲဖြစ်ပါတယ်။