Wednesday, January 16, 2008

ဟောပြောပွဲများ ကျင်းပမည်

ယခု လာမည့် စနေနေ့တွင် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) မှ ကျင်းပမည့် ဟောပြောပွဲ ခေါင်းစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

"Taking Opportunity from Special Interest Groups."
U Aung Zay Yar Lwin
Secretary of MCPA (Shan State)

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) မှ စုစည်းတည်ထောင်ပေးမည့် Special Interest Group များတွင် ပါဝင်ခြင်းအားဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ အကြောင်းကို အဓိကထား ဟောပြောမည် ဖြစ်ပြီး၊ အဆိုပါဟောပြောပွဲတွင် မိမိစိတ်ပါဝင်စားသော SIG အဖွဲ့များသို့ စာရင်းပေးသွင်း ပါဝင်နိုင်ပါမည်။

"How to build Learning Society using the Internet?"
U Ye Myanmar Aung
Joint Secretary (1)

မည်သည့် နည်းလမ်းများဖြင့် Internet ကို Learning Tool တစ်ခုအနေဖြင့် အသုံးချ၍ ရနိုင်မည်။ Internet ဖြင့် နည်းပညာအသစ်အဆန်းများကို လေ့လာကာ Learning Society တစ်ခု မည်သို့ တည်ဆောင်နိုင်မည်ကို အဓိကထား ဆွေးနွေးပေးသွားမည် ဖြစ်ပါသည်။

ဟောပြောပွဲအချိန်မှာ ၁၉ရက်နေ့ နံနက် (၁၀)နာရီမှ (၁၂)နာရီအထိ ဖြစ်ပါသည်။ စိတ်ပါဝင်စားသူ မည်သူမဆို လာရောက် လေ့လာ၍ ဆွေးနွေး မေးမြန်းနိုင် ပါသည်။ ဟောပြောပွဲကျင်းပမည့် နေရာမှာ ယခင် ကျင်းပမြဲဖြစ်သော ဟောပြောပွဲခန်းမတွင် ဖြစ်ပါသည်။

Seminar, Work Shop & SIG ဆပ်ကော်မတီ

No comments: