Monday, January 28, 2008

Web Development SIG ကျင်းပ

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) ၏ Web Development SIG ဆွေးနွေးပွဲကို ၂၇-၁-၂၀၀၇ (တနင်္ဂနွေနေ့) နံနက် (၁၀း၀၀) နာရီတွင် အသင်းရုံးခန်းတွင်ကျင်းပခဲ့ပါသည်။ ၄င်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) အတွင်းရေးမှူး ဦးအောင်ဇေယျာလွင် မှ Moderator အဖြစ်ဦးဆောင် ဆွေးနွေးခဲ့ပြီး Web Development ကိုစိတ်ပါဝင်စားသူ အသင်းဝင်များ ပါဝင် ဆွေးနွေးခဲ့ကြပါသည်။




Saturday, January 26, 2008

Special Interest Group ဆွေးနွေးပွဲများ စတင်ကျင်းပ

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(ရှမ်းပြည်နယ်) ၏ Special Interest Group ဆွေးနွေးပွဲများကို MCPA(Shan State) အသင်းရုံးခန်းတွင် ယနေ့စတင်ကျင်းပရာ Application Development on .NET SIG တွင် ဦးကျော်စွာညိုဝင်း မှလည်းကောင်း၊ Network SIG တွင် ဦးစိုင်းမျိုးဝင်းထက် မှလည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပြီး SIG တစ်ခုစီတွင် Member ၂၀ ဦးခန့်စီ တက်ရောက်ခဲ့ကြပါသည်။


မနက်ဖြန်တွင် Web Development နှင့် Database SIG များကို ဆက်လက်ကျင်းပမည်ဖြစ်ပြီး အပတ်စဉ် စနေ နှင့် တနင်္ဂနွေ နေ့တိုင်း SIG များ ကျင်းပသွားမည် ဖြစ်ပါသည်။










Thursday, January 24, 2008

SIG Work Shop အချိန်ဇယား

MCPA Shan State ၏ SIG ဆွေးနွေးပွဲ အစီအစဉ်များကို Moderator များမှ အောက်ပါ အတိုင်း ပြုလုပ်ကြပါမည်။ SIG Member များ အနေနှင့် လာရောက် ဆွေးနွေးနိုင်ပါရန် အကြောင်းကြားအပ်ပါသည်။

Saturday 26, January, 2008
1. Software Development SIG on .Net

U Kyaw Swer Nyo Win
10:00-11:00 AM

2. Network SIG
U Sai Myo Win Htet
11:00-12:00 AM

Sunday 27, January, 2008
1. Web Development SIG
U Aung Zay Yar Lwin
10:00-11:00 AM

2. Database SIG
U Sai Saw Han
11:00-12:00 AM
Seminar, Workshop နှင့် SIG ဆပ်ကော်မတီ

Tuesday, January 22, 2008

IT Caravan 2008 Shan State

ရှမ်းပြည်နယ်အတွင်း နေရာဒေသမခြား ကွန်ပျူတာ နည်းပညာရပ်များ ပျံ့ပွားတိုးတက်စေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) နှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း (ရှမ်းပြည်နယ်)တို့ပူးပေါင်း၍ သတင်းအချက်အလက်နှင့် နည်းပညာ နယ်လှည့် ဟောပြောပွဲ (IT Caravan - 2008 Shan State) ကို တောင်ကြီးခရိုင်အတွင်းရှိ ဟိုပုံးမြို့နှင့် လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်မြို့ သို့ သွားရောက်၍ ဟောပြောပွဲများ ကျင်းပပေးခဲ့ပါသည်။


ပညာရှင်အသင်းနှင့် လုပ်ငန်းရှင်အသင်းတို့မှ အဖွဲ့ဝင် ၈ဦး ပါဝင်သော၊ IT Caravan 2008 Shan State ခရီးစဉ်သည် ၂၁ရက်နေ့ မနက် ၆နာရီ ၅၀မိနစ်မှစ၍ တောင်ကြီးမြို့မှ စတင်ထွက်ခွာခဲ့ပြီး၊ ၉နာရီ ၄၅မိနစ်တွင် လွိုင်လင်မြို့သို့ ရောက်ရှိခဲ့ပါသည်။ လွိုင်လင်မြို့ရှိ အ.ထ.က (၁) ကျောင်းတွင် ကွန်ပျူတာ နည်းပညာဆိုင်ရာ ဟောပြောပွဲများ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ လွိုင်လင်မြို့ရှိ အ.ထ.က ကျောင်း(၂) ကျောင်းမှ ကျောင်းသားကျောင်းသူများ၊ ပင်လုံကွန်ပျူတာ တက္ကသိုလ်မှ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လွိုင်လင်မြို့ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများနှင့် စိတ်ပါဝင်စားသူ (၂၅၀)ကျော် တက်ရောက် လေ့လာခဲ့ကြပါသည်။

မနက် ၁၀နာရီ ၂၀မိနစ်တွင် အခမ်းအနား စတင်ခဲ့ပြီး၊ လွိုင်လင်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်)မှ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းလုံကျော်မှ မိတ်ဆက် အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပညာရှင်အသင်း အမှုဆောင် တစ်ဦးဖြစ်သူ ဦးအောင်နိုင်ထွန်းမှ "အသင်းလှုပ်ရှားမှုများ" အကြောင်းကို လည်းကောင်း၊ လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးစိုင်းခမ်းနွတ်မှ "Computer for All" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လုပ်ငန်းရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ဝေေ၀ခင်မှ "Computer for Education" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပညာရှင်အသင်း အမှုဆောင် ဦးစိုင်းမျိုးဝင်းထက်မှ "How Computer Work?" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လုပ်ငန်းရှင်အသင်း အမှုဆောင် ဦးကျော်ကျော်မှ "Current Usage of Internet and Email" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ရှင်းလင်း ဟောပြောခဲ့ကြပါသည်။

၎င်းနောက် လွိုင်လင်မြို့နယ် ပညာရေးမှူးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ဟောပြောပွဲများ အပြီးတွင် IT Caravan 2008 Shan State အဖွဲ့မှ လွိုင်လင်မြို့ရှိ ကျောင်းများသို့ ကွန်ပျူတာဆိုင်ရာ စာအုပ်၊ စာတမ်းများ၊ ဂျာနယ်များနှင့် CD များကို သက်ဆိုင်ရာ ကျောင်းကိုယ်စားလှယ်များသို့ ပေးအပ်ခဲ့ပြီး၊ အခမ်းအနားသည် နေ့လည် ၁၂နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။


ထို့နောက် အဖွဲ့ဝင်များသည် မွန်းလွဲ ၁နာရီတွင် လွိုင်လင်မြို့မှ ပြန်လည်ထွက်ခွာလာရာ၊ ညနေ ၃နာရီ ၁၀မိနစ်တွင် ဟိုပုံးမြို့သို့ ရောက်ရှိခဲ့ပါသည်။ ဟိုပုံးမြို့ရှိ အ.ထ.က ကျောင်း၌ ၃နာရီ ၃၀မိနစ်တွင် အခမ်းအနားကို စတင်ကျင်းပခဲ့ပြီး ဟိုပုံးမြို့နယ် ဥက္ကဋ္ဌမှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ထို့နောက် IT Caravan အဖွဲ့ဝင် (၆)ဦးမှ သက်ဆိုင်ရာခေါင်းစဉ် အလိုက် အသီးသီး ဟောပြော ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူပေါင်း (၂၄၀)ခန့် တက်ရောက်ခဲ့ကြသည်။ ၎င်းနောက် ဟိုပုံး အ.ထ.က ကျောင်းအုပ်ကြီးမှ ကျေးဇူးတင်စကား လှိုက်လဲစွာ ပြောကြားခဲ့ပြီး၊ အသင်းများမှ ကျောင်းသို့ ကွန်ပျူတာဆိုင်ရာ စာအုပ်များ၊ ဂျာနယ်များနှင့် CDများကို ပေးအပ်ခဲ့ပါသည်။

ဤသို့ဖြင့် ညနေ ၅နာရီ ၁၀မိနစ်တွင် IT Caravan 2008 Shan State ၏ ဟိုပုံးမြို့ ဟောပြောပွဲ ပြီးဆုံးခဲ့ပြီး၊ ပြန်လည် ထွက်ခွာလာခဲ့ကြရာ ညနေ ၆နာရီ ၁၀မိနစ်တွင် တောင်ကြီးမြို့သို့ ရောက်ရှိခဲ့ကြပါသည်။

Sunday, January 20, 2008

Resource Links

၁၉ရက်နေ့တွင် ကျင်းပခဲ့သော ဟောပြောပွဲ Presentation မှ IT Field ထဲမှ Computer လူငယ်များအတွက် အသုံးဝင်မည့် Site Link များကို ဖော်ပြပေးလိုက် ပါသည်။

E-Books Hosted Site
1. FlazX
2. Enebook
4. Xpressionsz
5. E-Books Share
6. PdfChm

E-Larning Sites
1. Microsoft Elearning
2. Microsoft TechNet
3. TechNet Virtual Lab
4. Online M.Sc (Computer Science)
5. Online M.B.A

အပတ်စဉ် ဟောပြောပွဲများ ကျင်းပ


မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်)မှ အပတ်စဉ် ကွန်ပျူတာ နည်းပညာဆိုင်ရာ ဟောပြောပွဲများ ကျင်းပလျက်ရှိရာ၊ ယခုအပတ် (၁၉)ရက်နေ့တွင် အတွင်းရေးမှူး ဦးအောင်ဇေယျာလွင်မှ "Taking Opportunities from Special Interest Group" ခေါင်းစဉ် ဖြင့်လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး ဦးရဲမြန်မာအောင်မှ "How to Build Learning Society by using The Internet?" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အသီးသီး ဟောပြောခဲ့ကြပါသည်။ အဆိုပါ ဟောပြောပွဲသို့ တောင်ကြီးမြို့မှ စိတ်ပါဝင်စားသူ လူငယ်များ တက်ရောက် ဆွေးနွေးမေးမြန်းခဲ့ကြ ပါသည်။
အဆိုပါ ဟောပြောပွဲတွင် MCPA (Shan State) မှ ဖွဲ့စည်းထူထောင်ပေးမည့် SIG အဖွဲ့များ အကြောင်းကို အဓိကထား ဆွေးနွေးခဲ့ပြီး၊ ဟောပြောပွဲတက်ရောက်သူ လူငယ်များမှလဲ မိမိတို့ စိတ်ပါဝင်စားရာ နယ်ပယ်အလိုက် SIG အဖွဲ့များတွင် ပါဝင်နိုင်ရန် ၀င်ရောက်စာရင်းပေးခဲ့ကြပါသည်။
ရှေ့လာမည့် အပတ်များတွင် သက်ဆိုင်ရာ SIG အဖွဲ့များအလိုက် Workshop ပုံစံဖြင့် ဆွေးနွေးပွဲများ လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ သက်ဆိုင်ရာ SIG အလိုက် ကျင်းပမည့် ဆွေးနွေးပွဲ အချိန်ဇယားများကိုလဲ မကြာမီ ထုတ်ပြန်ပေးသွားပါမည်။
သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ

IT Caravan 2008 - Shan State သွားမည်

ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်မှုအရ ရှမ်းပြည်နယ် USDA အသင်း၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်ရှင်အသင်း (ရှမ်းပြည်နယ်) တို့ ဦးဆောင်သည့် အချက်အလက် ဆက်သွယ်ရေးနည်းပညာ နယ်လှည့် ဟောပြောပွဲ -၂၀၀၈ (IT Caravan 2008 - Shan State) ကို ၂၀၀၈ခုနှစ်၊ ဇန်န၀ါရီလ (၂၁) တွင် လွိုင်လင်မြို့နှင့် ဟိုပုံးမြို့များသို့ သွားရောက်၍ ဟောပြောဆွေးနွေးပွဲများ ပြုလုပ်မည် ဖြစ်ပါသည်။

၂၁ရက်နေ့ မနက် ၉နာရီတွင် အ.ထ.က လွိုင်လင်သို့ လည်းကောင်း၊ နေ့လည် ၂နာရီတွင် အ.ထ.က ဟိုပုံးသို့ လည်းကောင်း MCPA (Shan State) MCIA (Shan State) တို့မှ ဒုဥက္ကဌများ၊ အတွင်းရေးမှုများနှင့် အမှုဆောင် အဖွဲ့များ သွားရောက်၍ ကွန်ပျူတာ နည်းပညာဆိုင်ရာ သိကောင်းစရာများကို ဟောပြောသွားမည်ဖြစ်ပါသည်။