Sunday, February 24, 2008

ITPEC စာမေးပွဲ ကျင်းပမည်


မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် မှ ကြီးမှူးကျင်းပမည့် ITPEC (Information Technology Professional Examination Council) Exam ကို ၂၀၀၈ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၀င်ရောက် ဖြေဆိုလိုသူများ အနေဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) ရုံးခန်းတွင် လာရောက် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း ကြေငြာအပ်ပါသည်။ အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) တွင်မေးမြန်းနိုင်ပါသည်။ ITPEC website : http://www.itpec.org/ တွင်လည်း ၀င်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

Tuesday, February 19, 2008

PAC အသစ်တစ်ခု ထပ်မံ ဖွင့်လှစ်ခြင်း



တောင်ကြီးမြို့က Internet သုံးစွဲစူများ Internet လှိုင်းစီးနိုင်ဖို့အတွက်
ဒီနေ့ (19-2-2008) ရက်နေ့မှာ PAC အသစ် တစ်ခု ထပ်မံ ဖွင့်လှစ်ခဲ့ပါတယ်
အဲဒီ PAC ကတော့ Cyber Pioneer ဆိုင်ဘဲ ဖြစ်ပါတယ်
ဆိုင်လိပ်စာကတော့ အမှတ် (၄၀၃)၊ တိုက်(၄)၊ ကျွန်းရွှေဝါလမ်း၊ သစ်တောရပ်ကွက်
ဘောလုံးကွင်း တိုက်တန်းမှာ ဖြစ်ပါတယ်
ဆိုင်ပိုင်ရှင် ကိုကျော်ကျော်ဟာ တောင်ကြီးမြို့ကို Internet စတင် သယ်ဆောင်လာသူ
တောင်ကြီးမြို့မှာ Internet ကို စတင် မိတ်ဆက်ပေးခဲ့သူဖြစ်ပါတယ်
မြင်းရုပ်လမ်းဆုံးနားက ဆိုင်ခန်းမှာ mail4u account တွေနဲ့အတူ
Bagan Net ရဲ့ IPstar နဲ့ အတူ Internet ကို Dynamic အမည်နဲ့ စတင် ဖြန့်ဖြူးခဲ့တာဖြစ်ပါတယ်
ခုတော့ ခေတ်မီစွာနဲ့ဘဲ ADSL လိုင်း အသုံးပြုပြီး Cyber Pioneer ရယ်လို့ ပြောင်းလဲ ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်

Sunday, February 3, 2008

Web Development SIG ဆွေးနွေးပွဲကျင်းပ


မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်) မှ SIG များ ဖွဲ့စည်းပြီး အပါတ်စဉ် ဆွေးနွေးပွဲများ ကျင်းပလျက်ရှိရာ ဖေဖော်ဝါရီလ ပထမပတ်၏ Web Development SIG ဆွေးနွေးပွဲကို ယနေ့မနက် (၁၀)နာရီတွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲကို Moderator အဖြစ် MCPA (Shan State) အတွင်းရေးမှူး ဦးအောင်ဇေယျာလွင်မှ ဦးဆောင်ခဲ့ပြီး စိတ်ပါဝင်စားသူ SIG Member များ တက်ရောက် ဆွေးနွေးခဲ့ကြ ပါသည်။



Web Development SIG ၏ လှုပ်ရှားမှုအဖြစ် SIG Blog တစ်ခုကိုလဲ Member များမှပူးပေါင်းပါဝင်ပြီး တည်ဆောက်လျက် ရှိပါသည်။

သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ